သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆိပ်ဖြူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

          ပဲကြော်အမျိုးမျိုးထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အနေဖြင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည် သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင်တွင် လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခု ထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှု များ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင်အနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံ ပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိ ပညာပေး ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့် စားမုန့်များ၊ အရန်သင့် အစားအစာများ၊ အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၂၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း ပြီး ပခုက္ကူမြို့၊ အမှတ်(၂)ဈေးရှိ  ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသင့်စားမုန့်များ၊ အရန်သင့်အစားအစာများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များ အား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူခရိုင်၏ ဖေဖော်ဝါရီလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

             စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ HSUကိုယ်ပိုင်အထက် တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ် ၊စံပြကျေးရွာရှိ အလယ်တန်းကျောင်း တွင်ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ အသိပညာပေးဟော ပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူ ရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိ စစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေး ရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များကို လူကိုယ်တိုင်လာ ရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ခရိုင်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များအဆင့်မြှင့်တင်ထုတ်လုပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိ

          မြန်မာနိုင်ငံသည် ယခုအခါတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိပါသည်။ မြို့ရွာများတွင်တစ်နိုင်၊ တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အပြင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်စေရန် ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သလို ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်လာပြီး နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တန်ဖိုးမြှင့် တိုးတက် ထုတ်လုပ် နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းရှင်ပေါင်း ၅၀ဦးကျော်ရှိပြီး ပြည်မြို့နယ်တွင် ၃၀ဦးကျော်၊ ရွှေတောင်မြို့နယ်တွင် ၁၀ဦးကျော်၊ ပန်းတောင်းမြို့နယ်တွင် ၂ဦး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၀ဦးကျော်ရှိပါသည်။ ပြည်မြို့နယ်အနေဖြင့် စားသောက်ကုန်လုပ်ငန်းများဖြစ်သော နွားနို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီ၊ မလိုင်လုံး၊ မလိုင်ခဲ၊ ဒိန်ချဉ်လုပ်ငန်းများရှိသလို၊ သဘာဝသစ်သီးများဖြစ်သော ကတွက်သီး၊ သရက်သီး၊ မရန်းသီး၊ ဇီးသီး၊ ချဉ်ပေါင်ဖူး စသည့် အသီးများအားယိုများပြုလုပ်၍ ရောင်းချခြင်း အပြင် ချဉ်ပေါင်ဖူးကို ဂျယ်လီ၊ ချဉ်ပေါင်ဖူးဖျော်ရည်များကိုလည်း ထုတ်လုပ် ရောင်းချရန် တီထွင် စမ်းသပ်နေပါသည်။ ထို့အပြင် ထမင်းသုတ်လုပ်ငန်းများကို တစ်ဆင့်မြှင့်တင်ပြီး တစ်ခါစား အထုတ်များထုတ်လုပ်၍ရောင်းချခြင်း၊ ရှားစောင်လက်ပတ်ကိုယိုပြုလုပ်ခြင်း၊ မြေပဲယို၊ နှမ်းယိုများ ပြုလုပ်ခြင်း၊ ငရုတ်သီးအား အလှော်မှုန့်၊ အကြမ်းမှုန့်၊ အရောင်တင်မှုန့်များအပြင် ကုလားပဲကို ခွဲကြမ်းပြုလုပ်ပြီး ထိုမှတစ်ဆင့် ပဲမှုန့်၊ အကြော်မှုန့်များပြုလုပ်၍ရောင်းချခြင်း စသည့်လုပ်ငန်း များလုပ်ကိုင်ကြပါသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အချိန်ကုန်လူပင်ပန်း သက်သာ စေရန်အတွက် လယ်ယာများတွင် အသုံးပြုရန်  ကောက်စိုက်စက်၊ မြေဩဇာချစက်၊ ကြံစိုက်စက်များ ထုတ်လုပ်နိုင်သည့်အပြင် ပဲမျိုးစေ့ချ စက်နှင့် မတ်ပဲရိတ် စက်များကို ထပ်မံထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေကြပါသည်။ ထိုအပြင် လယ်ယာများတွင် စပါးနှင့်ပဲအထွက်နှုန်း ကောင်းမွန်ရန် အတွက် အသုံးပြုရန် သဘာဝ မြေဩဇာများ ထုတ်လုပ်သည့် လုပ်ငန်းများလည်းရှိပါသည်။ လူအသုံး အဆောင်ပစ္စည်းများဖြစ်သော ဆပ်ပြာဆီ ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ထိုမှတစ်ဆင့် အသင့်သုံး ဆပ်ပြာဆီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ မျက်နှာသစ်ဆပ်ပြာများထုတ်လုပ်သော လုပ်ငန်းရှင်ပေါင်း များစွာရှိပါသည်။

          ရွှေတောင်မြို့နယ်အနေဖြင့် လူအသုံးအဆောင်ဖြစ်သော ဝတ်စားဆင်ယင်မှုအနေဖြင့် မြန်မာ့ ရိုးရာချည်ထည်လုပ်ငန်းပေါင်းမြောက်မြားစွာရှိပြီး စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့် ရှိကြောင်း သိရပါသည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ယက်လုပ်ရောင်းချသည့် စက်ရက်ကန်းများ၊ လက်ရက်ကန်းများမှ အဆင့်မြှင့် ထုတ်ကုန် ၂/၁၀၀ချည်၊ ၂/၈၀ချည်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများရှိသလို စားသောက်ကုန် လုပ်ငန်းများအနေဖြင့် ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းသုတ် များကို အသင့်စားသုံး၍ရသလို တစ်ခါစားထမင်းသုတ်အထုတ်များအား အဆင့်မှီပါကင်အထုတ်များထုတ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချသောလုပ်ငန်းများလည်းရှိပါသည်။ ထိုအပြင် အစာကြေဆေး များအဖြစ် ဆင်တုံးမနွယ် ရှောက်ပေါင်း၊ ရှောက်တောင့်များပြုလုပ်၍ရောင်းချသလို လူ့အသုံး အဆောင် ပစ္စည်းများဖြစ်သော ဝါးမှတစ်ဆင့် ဝါးကုလားထိုင်၊ ထန်းကုလားထိုင်များအပြင် တစ်နိုင်တစ်ပိုင် ခမောက်လုပ်ငန်းများလည်း လုပ်ကိုင်သည့် လုပ်ငန်းများရှိပါသည်။

          ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံအများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်သလို ဝါသီးနှံလည်း စိုက်ပျိုးခြင်း၊ နှမ်းနှင့်မြေပဲများကိုလည်း စိုက်ပျိုးသည့် မြို့နယ်ဖြစ်သည့်အတွက် ထိုသီးနှံများမှတစ် ဆင့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များရှိသလို အဝတ်အထည် လုပ်ငန်း များဖြစ်သော ရိုးရာချည်ထည်များကိုလည်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များရှိပါသည်။ ကြံသီးနှံကိုအခြေခံ၍ ကြံမှတစ်ဆင့်မြှင့်ထုတ်ကုန်ဖြစ်သော သကြားအပြင်၊ ကြံမွ၊ မြေပဲကြံသကာ၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြပါသည်။

          ထိုသို့အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပြည်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင် ပြီး ထုတ်လုပ်၍ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချမည်ဆိုပါက လူအများ ပိုမိုသိရှိပြီး ရောင်းအားမြင့်တက်၍ ပြည်တွင်းဈေးကွက်သာမကဘဲ၊ ပြည်ပဈေးကွက်သို့ပါ ထိုးဖောက် ဝင်ရောက် နိုင်၍ လူမှုစီးပွားရေးဘဝ တိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။ ထိုအပြင် စွန့်ပစ်ပစ္စည်း များမှ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်လာနိုင်မည်ဆိုပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာနိုင်ပြီး အမှိုက်ထဲမှ ရွှေဖြစ်မည်ဖြစ်ပါသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ရရှိနိုင်သော ကောင်းကျိုးများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားခြင်း၊ လူနေမှုအဆင့်အတန်းများ တိုးတက် ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီမြုပ်နှံမှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိလာနိုင် မည် ဖြစ်ပါသည်။

          ယခင်က ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရခြင်းမှာ တစ်ဦးခြင်းဝင်ငွေ ရရှိမှုနည်းပါး ခြင်းလည်း ပါဝင်ပါသည်။ ယခုအခါတွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မှုကြောင့် လုပ်ငန်းစီမံကိန်း အသစ်များ တိုးချဲ့ပြုလုပ်လာနိုင်ကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက် များပြားလာကြမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူလာကြရာမှ စီးပွားဖြစ်စိုက်ပျိုးမွေးမြူလာကြသဖြင့် ဝင်ငွေများများပြား လာကြပါ သည်။ ထို့အတူ စက်မှုလက်မှုလုပ်ငန်းများလည်း ပိုမိုထုတ်လုပ်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရောင်းချနိုင်ခြင်းဖြင့်လည်း ဝင်ငွေများစွာ ရရှိလာကြပါသည်။ ထိုကဲ့သို့တစ်ဦးခြင်းဝင်ငွေများ များပြားလာသည့်အတွက် ပညာရေး၊ ကျန်းမာရေး နှင့် နေထိုင်မှုအဆင့်အတန်းများမှ အစမြင့်မားလာနိုင်မည်ဖြစ်ပါသည်။

          ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန် များကို အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း၊ စနစ်တကျထုတ်ပိုးနိုင်ပါက နိုင်ငံခြားအထိ ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်လာနိုင်မည်ဖြစ်၍ မိမိတို့အနေဖြင့်လည်း ဝင်ငွေများတိုးတက်လာနိုင်သလို နိုင်ငံ အတွက်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၏ ဖေဖော်ဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအားလည်းကောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံသို့ လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း(၃)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ  ကုန်စုံဆိုင်များ အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက် ရှိစက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်နှင့် ကျွန်းလှမြို့ နယ်၊ရှမ်းစုကျေးရွာအုပ်စုရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့်ကုန်အ ညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ခရိုင်ဦးစီးမှူး၊ စားသုံးသူ‌ရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ညောင်လေးပင်မြို့မဈေးအတွင်းရှိ ဆန်ဆိုင် များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူ မြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ မြန်မာ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံ တင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက် ၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝ မှန်ကန် စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

ညောင်လေးပင်မြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၂၅.၂.၂၀၂၅) ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ညောင်လေးပင်မြို့အတွင်းရှိ အခြေခံလူသုံး ကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များ အား ကွင်းဆင်းကာ ပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန် အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၅.၂.၂၀၂၅) ရက် နေ့၊ ညနေ(၁၄:၀၀)နာရီတွင် တောင်ငူမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချ နေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများ မြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရေတာရှည်မြို့တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ (၂၅.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ရေတာရှည်ဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်း အဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် ရေတာရှည်ဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက် ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် တားမြစ်ဓါတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် ရက်လွန်/မလွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း ကွင်းဆင်း စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်စုဝေလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆေးဝါးကျွမ်းကျင်(၃) ဦးအောင်အောင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးကြီးကြပ် ဦးမင်းသိုက်တို့ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၏ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်း ပြီးလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံသည် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက် ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာတို့ကို စသည်တို့ကိုဆွေး နွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ