သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ရပ်ကွက်များရှိ ဓာတ်မြေ ဩဇာရောင်းချသည့် ဆိုင်များသို့ မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ အဖွဲ့မှ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးရေးတိုး တက်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် ဓာတ်မြေဩဇာဆိုင်၊ ရောင်ခြည်ဦးဓာတ်မြေဩဇာဆိုင်နှင့် ပါရမီ ဓာတ်မြေဩဇာဆိုင်များသို့ ဓာတ်မြေဩဇာ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချဖြန့်ဖြူးမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                                                                                         

“ ဒလမြို့နယ် ကမာကဆစ်စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုးရောင်းချ နေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

ဒလမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့ ကမာကဆစ်ဈေး အတွင်း/အပြင်ရှိ ဆပ်ပြာမှုန့် အမျိုးမျိုးရောင်းချနေသည့်ဆိုင်များသို့ ပြည်တွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆပ်ပြာမှုန့် မျိုးစုံနှင့် ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာသော ဆပ်ပြာမှုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့ ကမာကဆစ်ဈေးမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုး ဖြန့်ဖြူးရောင်းချ လျက်ရှိသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အား စားသုံးသူပြည်သူများ ဆပ်ပြာမှုန့် အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရောင်းဆိုင်ပိုင်ရှင် များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ဆပ်ပြာမှုန့် အမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။     

DOCA(ရန်ကုန်)                                                                                                         

“ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ် ရပ်ကွက်အတွင်းရှိ “ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)   

အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

          ၂၂.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်ရှိ Kyaw Computer and Mobile ဆိုင်သို့ အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာ  ဦးစီးမှူး ဦးမင်းနောင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည် ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ (၂၃.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံမြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုး၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၁၇၅) ဦးတို့ ပူးပေါင်းကာ ကျောင်းဝင်းအတွင်း၌ အမှိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်‌နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အောင်ဆန်း(၂)ရပ်ကွက်ရှိ Kaung Lyan New Asia CoL,d ကုမ္ပဏီသို့ ယာဉ်အမှတ် 3B-4329 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇) ပေပါ၊ 4G-2351 မော်တော်ယာဉ်ဖြင့် (၄) ပေပါ၊ 2B-6298 မော်တော်ယာဉ်ဖြင့် (၁၅) ပေပါ စုစုပေါင်း (၄၆) ပေပါ တင်ဆောင်လာကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီကြီးကြပ်ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ရည် ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် စားသုံးသူပြည်သူများ ထံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချရန် ဆီကိုယ်စားလှယ်အား ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့ စည်ပင်သာယာအခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

၂၁.၂.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာအခွန်လွတ်ဈေး၌ အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ဆောင်ရွက်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီ စသောပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျဝယ်ယူ အားပေးခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၂၄.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် “လင်းယုန်ဦး” အမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားအတည်ပြုချက်ရယူနိုင်ရေး ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်အနေဖြင့် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များအား ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရေး ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ (၂၀.၂.၂၀၂၅) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သစ်သီးယိုမျိုးစုံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအသားများဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်အား အစားအသောက်များ သန့်ရှင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ တားမြစ်ဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေး သတိပြုဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးသည် ဌာနပိုင်မြေ၊ ရုံးအဆောက်အဦး၊ သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေး

          ၂၂.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တို့ရှိ ဌာနပိုင်မြေ၊ ရုံးအဆောက်အဦး၊ သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက မြို့နယ်တာဝန်ခံများအား ရုံးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ရုံးဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ