
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခွန်ကျော်ဌေး ဦးဆောင်သောဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၅)ရက်နေ့ နေ့လည် (၁:၃၀)အချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ WELINK FIBER INTERNET SERVICE CENTER သွားရောက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့်အဖွဲ့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများ တွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ သတင်းအချက်အလက်များကို ကြိုတင်အသိပေး ဖော်ပြစေရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး အခွင့်အရေးကို ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
