သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် ဆန်စပါးကုန်သည်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ငါးဖားအုပ်စုရှိ  ဆန်စပါး ကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံ ဆွေးနွေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဟင်္သာတမြို့နယ်အနေဖြင့် နွေစပါးများလက်ကျန်နည်းပါးနေပြီး မိုးစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်ဆန်ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အဓိက ဆောင် ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူ စားသုံးနိုင် ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက် ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါး ဈေနှုန်း သင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာ ဖြစ်ကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၅.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ် လမ်းမတော်မြောက်ရပ်ကွက်ရှိ အိမ်ထောင်စုများအားစားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်း မှန်ကန်မှုရှိ/မရှိ၊ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင် လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန် ၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး အိမ်ထောင်စုများအား ဆီဖြန့်ဖြူးမှု အကြိမ်များအား စိစစ်ခဲ့ကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်ရှိကျေးရွာအုပ်စုများတွင်ဆီဖြန့်ဖြူးမှုအားမြေပြင်ကွင်းဆင်းစိစစ်ခြင်း

                 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့်ကြံခင်းမြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် (၁၅.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန် တွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ မြို့မရပ်ကွက်၊‌ ရွေတောင်စုရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကလို့ကွင်းအုပ်စု နှင့်ခုံကြီးအုပ်စုတို့ရှိစားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင်ကိုယ် စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည် အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေး နွေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

 (DOCA ဧရာဝတီ)

ဟင်္သာတခရိုင်စားသုံးသူရေးရာကော်မတီ ဒုတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး တွင် ဦးစွာ ဟင်္သာတခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယ သုံးလပတ်တွင် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များက လည်း ကဏ္ဍအလိုက် ဆွေးနွေးကြပြီး၊ ခရိုင်ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းမှ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့် ပတ်သတ်၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၆) ချက်အား အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို လည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နေ့လည်( ၁၂ : ၀၀) အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြား ထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

လေးမျက်နှာမြို့နယ် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် လေးမျက်နှာမြို့နယ် တာဝန်ခံသည်(၁၂.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ပိန်းအင်း ကျေးရွာအုပ်စု၊  ဂွေးချိုကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးဝင်းအောင်မှ ကုန်စုံဆိုင်လုပ်ငန်းရှင်များမှတစ်ဆင့် အိမ်ထောင်စု များအား ဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ စားအုန်းဆီရောင်းချသော ကုန်စုံဆိုင်များ တွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေး နှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟော ပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်းသိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယည်ထွန်းသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော ဘိလပ်မြေများသည် စက်ရုံမှ တိုက်ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ ယခုအခါ  စက်ရုံများ မှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဘိလပ်မြေအနည်းငယ် ပြတ်လပ်မှုကြောင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်လာကြောင်း၊ အခြားသော အိမ်ဆောက်ပစ္စည်းများမှာ ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ် ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကြံခင်းမြို့နယ်ရှိ “မြန်မာ့စွမ်းအား” ဆီစက်သို့ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ မင်းရဲကျော်စွာလမ်း၊ မင်းသီရိ(၁)ရပ်ကွက်ရှိ “မြန်မာ့စွမ်းအား”ဆီစက်သို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ကြိတ်ခွဲထုတ်လုပ်လျက်ရှိ သောဆီများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း တွေ့ရှိရပါသည်။ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ဆီစက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ “တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ကြိတ်ခွဲ ထုတ်လုပ် သောကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများနှင့် နဝလီ ကြိတ်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ပိုင် ရောင်းချရန် ကြိတ်ခွဲခြင်း” များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊စားသုံးသူများအသုံးပြုရန် သင့်တော် သောဆီများကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေးရှင်းလင်းပြော ကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

မင်္ဂလာတောင်ညွန်မြို့နယ်ရှိ စတိုးဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၁၂.၉.၂၀၂၅ ရက်နေ့ ၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) နှင့်ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ)(၂)ဦးသည်  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မင်္ဂလာတောင် ညွန်မြို့နယ်ရှိ စတိုးဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင်ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင်ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စစ်ဆေးရေးအရာရှိများက လုပ်ငန်းရှင်များ အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လေးမျက်နှာမြို့နယ် “ရွှေစင်ဖြိုး”မိုဘိုင်းဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၅.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၊ ရန်ကြီးအောင်မြောက်ရပ်ကွက်ရှိ “ရွှေစင်ဖြိုး” မိုဘိုင်းဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊  သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ ကြော်ငြာထားသည့် ဈေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှုများနှင့်အညီ ဆောင်ရွက်စေရေး၊ ပြေစာ (သို့မဟုတ်)အထောက်အထားများပေးအပ်ရန်အသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို  အရောင်းပိုင်ရှင် ဦးအောင်ကျော်မြင့်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။

(DOCA ဧရာဝတီ)

 

ဟင်္သာတမြို့နယ်  ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပပြုလုပ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများ တက်ရောက်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ လဝက်လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေ အနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး  ခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များ အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထား ရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ