
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ 747 ဂျုံခေါက်ဆွဲစက်ရုံသို့ကွင်းဆင်း၍ ပိုင်ရှင်ဦးကျော်မြင့်နှင့်တွေ့ဆုံပြီး ဂျုံခေါက်ဆွဲ ထုတ်လုပ်၊ ရောင်းဝယ်မှု အခြေအနေများ၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့ရာ လုပ်ငန်းလည်ပတ်ရင်းနှီးငွေကျပ်သန်း(၈၀၂)သန်းဖြင့် ၂၀၁၉ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ လုပ်သားအင်အား ကျား(၅)ဦး၊ မ(၁၅)ဦးအား တစ်နေ့လုပ်အားခ ကျားတစ်ဦးလျှင် (၁၁၀၀ဝိ/-၊ ၁၁၉၀ဝိ/-၊၁၇၀၀ဝိ/-)၊မတစ်ဦးလျှင်(၈၁၂ဝ/- မှ ၁၂၅၀ဝိ/-) ဖြင့် ပေးချေပြီး နေစရာနေရာ ပေးကြောင်း၊ ကုန်ကြမ်းဂျုံများဖြစ်သော Diamond Star နှင့် Mazin အမှတ်တံဆိပ်များအား ရန်ကုန်မြို့မှ တိုက်ရိုက် ဝယ်ယူသုံးစွဲကြောင်း၊ ဂျုံ ၂၅ Kg တစ်အိတ်လျှင်ဈေးနှုန်း (၉၂၅၀ဝိ/-)၊ ကားခ(၂၅၀ဝိ/-)၊ လုပ်သားခ(၁၀ဝိ/-)ဖြင့် တစ်အိတ်လျှင် အိမ်အရောက် (၉၅၁၀ဝိ/-) ဝယ်ယူရကြောင်း၊ တစ်ရက် ကုန်ကြမ်းဂျုံ (၂) တန် အသုံးပြု ထုတ်လုပ်လျှင် ဂျုံခေါက်ဆွဲ (၂) တန် ထွက်ရှိကြောင်း၊ ဈေးနှုန်းများမှာ (၃၂၀)ဂရမ်တစ်ထုပ်လျှင်(၁၈၅ဝိ/- မှ ၁၉၅ဝိ/-)၊(၁၃၀)ဂရမ်တစ်ထုပ်လျှင်(၇၅ဝိ/) နှုန်းဖြင့် မြန်မာ ပြည်အနှံ့သို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားသို့လည်း တဆင့်ခံ၍ တင်ပို့ရောင်းချကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)
