
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူးဦးဆောင်သော ဝန်ထမ်း ( ၂ )ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၁၄ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ပေးရေးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း၌ သင်တန်းသား/သင်တန်းသူစုစုပေါင်း ( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးကျော်ဇင်ထွေး (ဒု-ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု ထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်မျာ ဖြန့်ဝေ ခဲ့မှုအား သတင်းရရှိပါသည်။
DOCA(ကယား)
