
စားသုံးသူရေးရာဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍ (၈.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်း(တပ်တွင်း)ကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၇)ဦး၊ ကျောင်းသား/သူ (၅၇)ဦး၊ စုစုပေါင်း (၆၄)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်းကြားခြင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ၊ စားသုံးသူရေးရာကိစ္စများနှင့် အသိပညာဗဟုသုတများ မေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အားဖွင့်လှစ်ထားရှိပြီး မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းသဖြင့် အပြန် အလှန်ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
