ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

 

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (..၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် သစ်တပွေရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန် ကန်ရှင်းလင်းသော သတင်းအချက်အလက်များရရှိစေရန်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ များ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိကြောင်း၊ အသိပညာပေး ဆောင်ရွက် မှုဆိုင်ရာ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အများပြည်သူသုံးစွဲမှုများသော Social Media များ၌ လည်းအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေ အချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံး သူများအနေဖြင့် နစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)