
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူ များ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက် လျက်ရာ ၂၈.၇.၂၀၂၆ ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ) နှင့်စစ်ဆေးရေးမှူးများသည် မြင်းခြံမြို့အမှတ်(၉)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်၌ ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးဝါးများနှင့် အများဆုံးအသုံးပြုသော ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုမ္ပဏီလက်ကားဈေးနှင့် ဒေသပေါက်ဈေးနှုန်းများနှိုင်းယှဉ်၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ တို့အားစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆေးဝါး ရောင်းဝယ်မှုများမှာ ပုံမှန်ရောင်းဝယ်မှုများရှိပြီး ဆေးဝါးပြတ်လပ်မှုများမရှိဘဲ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
