သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ မှ ပြည်သူများ ဆီထုတ်ယူခွင့်ရရှိရေးနှင့် သတ်မှတ်ချက်များနှင့်အညီ ဆီရောင်းချ နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများကို ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့် ရရှိရေးနှင့် ဆီရောင်းချမှုများ သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်ရေးကို မအူပင်ဆီကုန်သည်များအသင်းတို့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့မှ သတ်မှတ်ချက်နှင့် စည်းကမ်းများအတိုင်း ရောင်းချနိုင်ရေးနှင့် ဆီထုတ်ယူနိုင်ရေးလုပ်ငန်းများကို စတစ်တကျဖြစ်စေရန် (၆-၇-၂၀၂၅) ရက်နေ့က ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆောင်ရွက်ရာတွင် ကျေးရွာနေ စားသုံးသူပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှင့် စားသုံးဆီ ဝယ်ယူခွင့်ရရှိနိုင်ရေးကို ဌာနများမှ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဆီရောင်းချမှုနှင့် ထုတ်ယူခွင့်များကို သတ်မှတ်ရက်များအတွင်း အချိန်နှင့် တပြေးညီထုတ်ယူနိုင်စေရန်၊ စားသုံးသူနှင့် လုပ်ငန်းရှင်အကြား အငြင်းပွားမှု မဖြစ်ပေါ်စေရန် သတ်မှတ်စည်ကမ်းများကို ပြည်သူများ သိရှိနားည်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီး မဲဇလီကျေးရွာမှ အိမ်ထောင်စု ၅၉၈ ဦးအား ဆီ ၅၀သား ၃၄၀၀ ကျပ်ဖြင့် မဲဇလီဒလ ဆီကိုယ်စားလှယ်အဖွဲ့မှ ရောင်းချပေးမှုကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)

ပေါင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ‌ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချသောစက်သုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ၊ အချင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ၊ ဆီကန်အတွင်း ဆီလက်ကျန်အမှန်တကယ် ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

မာတာမြင့်မိုလ်(ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၈.၇.၂၀၂၅ ရက်နေ့ တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အတွင်းရှိ မာတာမြင့်မိုလ်(ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ OMG အမှတ်တံဆိပ်ပါ ရှူးရှဲလျှာမီးတောက်မာလာရှမ်းကော ခေါက်ဆွဲထုပ်သည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။ DOCA(ကချင်)

ပေါင်မြို့နယ်၌၊စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်

၅.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းထွန်း က ပန်းတိုင်အထွက်နှုန်း ရရှိရေး၊သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန် ၊ သစ်စိမ်းမြေဩဇာများ တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးဓာတ်မြေဩဇာ လျော့ချအသုံးပြု နိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်မီမီအုန်းဝင်းကပိုက်ဆံလျော်ပင်၊ ညံပင်၊ ဗောစကိုင်းပင်၊ ကုက္ကိုပင်၊ ပဲမျိုးစုံပင်၊ ဗေဒါပင်၊မဲရိုင်းပင် စသည့်အပင်များအား မြေဩဇာအသုံးပြု၍ တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးကို လည်းကောင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံဖျက်ပိုးမွှားနှင့်ရောဂါကာကွယ်ရေး၊ AI နည်းပညာအသုံးချပြီး စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာကဏ္ဍ မှာတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး စသည့် အကြောင်းအရာများကို သင်ကြားပြသခဲ့သည် ။အဆိုပါ သင်တန်းကိုသင်တန်းဆရာ (၄)ဦးက သင်တန်းသား (၁၅)ဦးတို့ဖြင့် (၂)ရက်ကြာသင်ကြားပြသခဲ့သည်။ ပေါင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် သင်တန်းပို့ချခြင်းဖြင့် နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံစေရေးအပြင် ဂေဟစနစ်ထိမ်းသိမ်းခြင်း၊ လူသားတို့၏ အာဟာရဖူလုံရေး၊စီးပွားရေးတည်ဆောက်မှု၊ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုတို့အတွက် မရှိမဖြစ် လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။ DOCA (မွန်)

ဘီလူးကျေးရွာအတွင်းရှိစားသုံးသူများအားအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၁၇.၇.၂၀၂၅) ရက်နေ့ (၁၀:၀၀) အချိန် တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာ အတွင်းရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ ဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ် ဝယ်ယူရာတွင် သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင် အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့် ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ(1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေးဟောပြော ခဲ့ပါသည်။ DOCA(ကချင်)

ညောင်တုန်းမြို့နယ် နတ်ပေး အ,ထ,က ကျောင်းတွင် လူငယ်အသိပညာပေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

(၄.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင်‌ ညောင်တုန်းမြိုနယ်အတွင်းရှိ နတ်ပေးကျေးရွာ (အ .ထ .က) နတ်ပေးကျောင်းတွင် ဌာနများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ရာဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအ‌ကြောင်း၊ နှစ်စဉ်ဆောင်ရွက်ချက်များနှင့် CallCenterအမှတ်၁၅၃၅သို ကုန်စည် (သို)ဝန်ဆောင်မှုနှင့်ပါတ်သက်၍နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါကဖုန်း‌ခေါ်ဆိုတိုင်ကြားရန် သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးကို ဟောပြောခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်းကောင်း၊ ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီး မေးမြန်း၊ တိုင်ကြား* ရပြီးဖြစ်ကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၇၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား အသိပညာပေးဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) သည် ၁၇.၇.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီ အချိန်၌ ဝိုင်းမော်မြို့၊ ရပ်ကွက်(၃)အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင် နှင့် ဝန်ဆောင်မှု ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း ၊ ကုန်စည် / ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ် ကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၇.၇.၂၀၂၅ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဒေါ်မာမာအေး(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Wah-Lah အမှတ်တံဆိပ်၊ ကြက်သားအရသာ အုန်းနို့ခေါက်‌ဆွဲတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက် များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၆.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပလန(၁)ကျေးရွာရှိ သောက်ရေသန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့်စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင်စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ DOCA(ကချင်)

သုခကမ္ဘာ (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၆.၇.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် အတွင်းရှိ သုခကမ္ဘာ(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လာဘ်လာဘ အမှတ်တံဆိပ်ပါ အထူးစပါယ်ရှယ်ကြက်ဥမရွေး သည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာ သာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အ သား ဖော်ပြထားရှိ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင် လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ