သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ ပါသည်။ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးအတွင်း ရောင်းချလျှက်ရှိသော အစားအသောက်များ နှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်တို့ကို လည်းကာင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည် များကို ရောင်းချခြင်းမပြရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ အမက(လွန်)ရွှေလေးအင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဇူလိုင် လ (၇) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ ရွေလေးအင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြော ခဲ့ပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား ကျောင်းသူများ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၈၄ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

ဖြူးမြို့ မြို့မ(၂)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မ(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်း ကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် မုန့်နှင့် အချိုရည်များကိုသာ ဝယ်ယူ စားသောက်သင့်ပုံ များကို ရှင်းလင်းပြောကြားပါသည်။ ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၄ ဦး တက်ရောက် ကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည်ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် စားသုံးဆီရောင်းချမှုအခြေအနေများကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့ရှိ ဘိုလေးကုန်စုံဆိုင်နှင့် ကွမ်းမင်းသား ကုန်စုံဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းဈေးဖြင့်ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ပြန်လည် ရောင်းချမှု အခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုအခြေအနေများကို စောင့်ကြည့် စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ မြို့နယ်တာဝန်ခံသည် ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူ စရိတ်ပေါင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ ဈေးနှုန်း မှန်၊ အလေးချိန်မှန်ကန်စွာရောင်းချရေး၊ အမှတ်တံဆိပ်ပါစားသုံးဆီများ ရောင်းချရာတွင် မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြ ထားသော စားသုံးဆီများကိုသာ ရောင်းချရေးတို့ကို အသိညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့သွားရောက်တွေ့ဆုံ

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့နှင့် အတူ ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ ဟိဏ်းကမ္ဘာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်၍ မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုပြီး လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မှတ်ပုံတင်ထားရှိမှုနှင့် မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုရာ လုပ်ငန်းရှင် ဒေါ်ရွှေဝါစိုးက ရှင်းလင်းပြသပါသည်။ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိသည့် ကုန်စည်အမျိုး အစားများကိုသာ ရောင်းချရေးညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပါသည်။ ဟိဏ်းကမ္ဘာ ဖိနပ်နှင့်အိတ်အမျိုးမျိုး အရောင်းဆိုင်သည် အိတ်၊ ဖိနပ်နှင့် ဖက်ရှင်အသုံး အဆောင်ပစ္စည်းများကို အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ နဝဒေးလမ်းတွင် ဆိုင်ဖွင့်လှစ်ရောင်းချသည့် အပြင် အွန်လိုင်းစနစ်ဖြင့်လည်းရောင်းချကြောင်း သိရပါသည်။ DOCA(ပဲခူး)

ရေတာရှည်မြို့ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ် မုန့်ဖတ် ခြောက်လုပ်ငန်းသို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တာဝန်ခံသည် မုန့်ဖတ်ခြောက်လုပ်ငန်းခွင်အတွင်း အခြောက်လှမ်းစင်တွင် အခြောက်ခံထားရှိမှု၊ မုန့်ခြောက်များအား စနစ်တကျချိန်တွယ်ပြီး ထုပ်ပိုးမှု၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြ ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ် စေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသည် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ တွင်ရှိပြီး ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးလျှက်ရှိကြောင်း၊ စပါးခွံဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေး စက် (Gasifire Power Plant) တပ်ဆင်ထားပြီး လုပ်သားအင်အား ၅၀ ဦးဖြင့် လုပ်ငန်းဆောင် ရွက်ကြောင်း၊ မိုးတွင်းကာလတွင် ရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုအားနည်းကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြောခြင်းများကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်း က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက(ခွဲ)ဈေး ရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက်ရှိ အခြေခံအထက်တန်းကျောင်း၌စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကော့မှူးမြို့နယ် ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပ စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဇွန်လ (၅)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကော့မှူမြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ကော့မှူးမြို့နယ် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ အုတ် ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကြို့ပင်ကောက်မြို့နယ် Online Sales ရောင်းချသောလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက် ဝိပသာနာ လမ်းရှိ Online Sales ရောင်းချနေသော လုပ်ငန်းအား ၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်အတူ ဝန်ထမ်းတစ်ဦးတို့ မေအြပြင်ကွင်းဆင်းခဲ့ပါသည်။ Online Sales များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းမှာ Online စနစ်ဖြင့်ဝယ်ယူ မှုအရစားသုံးသူနှစ်နာမှု လျော့နည်းစေရန်၊အွန်လိုင်းစနစ်ဖြင့်ရောင်းချမှု၊ဝန်ဆောင်မှုပေးခြင်းတို့တွင် စနစ်တကျ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေးအတွက် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ Online Sales လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်းတွင် လွယ်ကူစွာမှတ်ပုံတင်နိုင်ရန် မိမိကိုယ်တိုင် Online မှဝင်ရောက်လျောက်ထားနိုင်ခြင်း၊အခြားသောဌာနဆိုင်ရာများကို အသိပေးလျောက်ထား နိုင်ကြောင်း ပြောကြားခဲ့ပါသည်။မှတ်ပုံတင်လျောက်ထားရန်အတွက် လုပ်ငန်းတည်ရှိရာ လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်၊ရဲစခန်းထောက်ခံစာ၊pass port ဓာတ်ပုံ (၁)ပုံ၊မှတ်ပုံတင်မူရင်း၊အိမ်ထောင် စုစာရင်းမိတ္တူ၊Email လိပ်စာဖုန်းနံပါတ်၊ Facebook Page စသဖြင့်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။စားသုံးသူများအနေဖြင့်လည်း ကုန်စည်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများ မရှိစေရန်အတွက် မိမိဝယ်ယူမည့် Online Business တွင်မှတ်ပုံတင်ရရှိထားမှုရှိ/မရှိ စုံစမ်း၍ဝယ်ယူရန်နှင့် Online စနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များ အနေဖြင့်မှတ်ပုံတင်ရရှိပြီးမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ DOCA(ပဲခူး)

အုတ်ဖိုမြို့ဆေးဝါးဆိုင်များသို့ကွင်းဆင်းဆောင်ရွက်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၆.၇.၂၀၂၅ ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အုတ်ဖိုမြို့နယ် ဆရာ ဝန်ကြီးဦးဆောင်လျှက် မြို့နဘ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိ ယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့နှင့်အတူ အုတ်ဖိုမြို့ မိုးညိုတန်းလမ်းပေါ်တွင် ဆိုင်အသစ်ဖွင့်၍ဆေးဝါးရောင်းချနေသော “ကံကောင်း” နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးအမျိုးမျိုးတို့ရောင်းချသောဆေးဆိုင်သို့သွားရောက်စစ်ဆေးခဲ့ ပါသည်။ မြို့နယ် FDA ဌာနမှ ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ/မရှိ စစ်ဆေးပြီး မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးအေးဇော်ထိုက်မှဆေးဝါးများရောင်းချရာတွင်မြန်မာစာအညွှန်း ပါမှသာ ရောင်းချခွင့်ရှိပါကြောင်း၊ အချို့ဆေးဝါးများမှာ ဆရာဝန်ညွှန်ကြားချက်ပါမှသာ ရောင်းချ ရမည်ဖြစ်ကြောင်း ကောင်း မွန် သောဆေးဝါးရောင်းချမှုကျင့်စဉ် အတိုင်းလိုက်နာ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း ပြောကြား ခဲ့ပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ