
စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂.၂.၂၀၂၆ ရက်နေ့မှ ၁၇.၂.၂၀၂၆ ရက်နေ့ တွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းရှိ ပြည်သူ့ ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် အသိပညာပေးပြခန်း ၁၆ ခန်း၊ MSME ဒေသထွက် ကုန်အရောင်းဆိုင်ခန်း ၉၆ ခန်းတို့ဖြင့် ခင်းကျင်းပြသထားပြီး လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများရောင်းချခဲ့ပြီး ဖျော်ဖြေရေးကဏ္ဍတွင် နိုင်ငံကျော် အနုပညာရှင်များက သီဆို တင်ဆက်ခဲ့ကြောင်း ရှိရပါ သည်။
DOCA(စစ်ကိုင်း)
