သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုး တို့သည် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် ပူးပေါင်းပါဝင်လျက် ၄-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ မြို့ပေါ်လက်လီဆန် အရောင်းဆိုင်(၇)ဆိုင် သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်၊ အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော စွမ်းဆန်ဆိုင်၊ အောင်ကမ္ဘာဆန်ဆိုင်၊ ဒေါ်ရွှေဆန်ဆိုင်၊ ဒေါ်ကြည် ဆန်ဆိုင်၊ ကေသုံးလုံးဆန်ဆိုင်၊ ရွှေရည်လင်းဆန်ဆိုင်၊ ဝင်းသိဂ္ဒီ ဆန်ဆိုင် တို့ရှိ ရောင်းချသည့် ဆန်အမျိုးအစားများ ဒေသထွက်ကုန်ဧည့်မထ ဆန်များ၏ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ ရောင်းချရန် ကျန်ရှိသော လက်ကျန်အိတ်၊ ပုသိမ်၊ မြောင်းမြဘက်မှဝယ်ယူရောင်းချသော ပုသိမ်ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းယဉ်၊ ဖျာပုံ၊မြောင်းမြ ပေါ်ဆန်းဆန်များ သိုလှောင်သည့်နေရာ၊ ၂၀၂၅ခုနှစ် ဇွန်လ သတ်မှတ်ရည်ညွှန်းဈေးအပေါ် ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိကို စစ်ဆေးခဲ့ကြပြီး၊ ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်းစေရန် လုပ်ငန်းရှင်နှင့်ပူးပေါင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း အပါတ်စဉ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို ဆန်ဆိုင် လုပ်ငန်းရှင်တို့အား ပြောကြားခဲ့ပြီး ဆန်ဆိုင်များ သိူလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်ပါက သတ်တမ်းတိုးဆောင်ရွက်နိုင်ရေးကိုပါ အသိပညာပေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများ ထူးခြားစွာဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိပါကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ DOCA(ဧရာဝတီ)

သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို သိမ်ကုန်းရပ်ကွက်ရှိ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက အမှာစကား ပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို ခရိုင်ဦးစီးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဦးဆောင်၍ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။ အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ ဆန်စက် လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၁၁) ဦးတိုဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၄) ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ဆေးဝါး ပစ္စည်းမျိုးစုံရောင်းချသော ဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဆေးဝါးပစ္စည်း များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ မြို့မဈေးနှင့် မြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်း ဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်မရှိသော FDA အသိအမှတ်ပြု DRC No မပါရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကိုစစ်ဆေးခဲ့ကြရာ ပန်းတနော်မြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဆိုင်လုပ်ငန်းရှင်များအား စစ်ဆေးရေးတာဝန် ရှိသူများက တရားဝင်မှတ်ပုံတင်ခြင်း မရှိသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/ဖြန့်ဖြူး တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import Resgistration No, ဖော်ပြပါဝင်သော ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ တားမြစ်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်ချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူခံရ မည်ဖြစ်ကြောင်း၊ ဈေးနှုန််းမြင့်တင်ရောင်းချခြင်း၊ ဈေကစားရန် သိုလှောင်ခြင်း များမပြုလုပ်ရန် ဆေးဆိုင်လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၄) ရက်နေ့ နေ့လည် (၁၃၃၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာ ယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၈)ဆိုင်မှ ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသည့် ကုန်စည်များကိုရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိရပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာမြစ်ထားသော ဆေးဝါးများ ရောင်းချ ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို မရောင်းချရန်၊ ဈေးကစား ရန်ရည်ရွယ်၍ ဆေးနှင့် ဆေးဝါးများကို သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်း၊ များမပြု လုပ်ရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်း များနှင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်ခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များ၊ စစ်ဆေးရေးအရာရှိတို့၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

နတ်ပေး အ.ထ.က ကျောင်းမုန့်ဈေးတန်းအား စားသုံးရန်အသင့်သော မုန်းများရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာ အ.ထ.က ကျောင်းတွင် မြို့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နတ်ပေး အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို (၄-၇-၂၀၂၅) ရက်နေ့ နေ့လယ် (၁၂း၃၀၀) နာရီအချိန်က စစ်ဆေးခဲ့သည်။ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကျောင်းမုန့်ဈေးတန်းတွင် ကလေးသူငယ်များကို ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေး သုံးစွဲထားသော မုန့်များကို မရောင်းချရန် မှာကြားခြင်း၊ ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စားသုံးရန်မသင့်သော မုန့်များကို ကလေးများ စားသုံးမိပါက ဘေးအန္တရာယ်ဖြစ်ပေါ်စေပြီး ဖြစ်စဉ်၏ အကြောင်းအရင်းအား သက်ဆိုင်ရာဌာနများမှ အရေးယူဆောင်ရွက်မည်ဖြစ် သဖြင့်မဖြစ်ခင်က ကြိုတင်သတ်ပြု ရောင်းချရန်၊ ရောင်းချသည့်အချိုရည်များ၊ မုန့်ထုပ်များ အမှတ်တံဆိပ်ရှိ/ မရှိ၊ ထုတ်လုပ်ခွင့်လိုင်စင်၊ ကုန်အညွှန်းအမှတ်အသား ရှိ/မရှိ၊ လက်လုပ်မုန့်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိနှင့် အသုပ်များရောင်းချရာတွင် ယင်လုံစွာ ရောင်းချမှုရှိ/ မရှိ အခြေအနေများအား စစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပွဲသို့ သထုံခရိုင်ဦးစီးမှူးတက်ရောက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၇.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ရွှေဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ သထုံခရိုင်ခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင်အောင်စိုးက သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကို လက်တွေ့ နယ်ပယ်၌ ပြန်လည်အသုံးချကာ မိမိတို့မိသားစုနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြန်လည် အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြရေး အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Scrub နှင့် ဆပ်ပြာခရင်မ် အမျိုးမျိုးတို့ကို ၇ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း အခြေခံသင်တန်းပြီးစီးပါက မွမ်းမံသင်တန်းကို ၇ ရက်ကြာ ထပ်မံသင်ကြားပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ထူးချွန်ပြီး လုပ်ငန်းထူထောင် လိုသူတို့အားရွေးချယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA (မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။ DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “အိုင်ဒီး” အမှတ်တံဆိပ်ဖြင့် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၄.၇.၂၀၂၅ ရက်နေ့တွင် “အိုင်ဒီး” အမှတ်တံဆိပ်ဖြင့် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “စိမ့်စမ်း” အမှတ်တံဆိပ်ဖြင့် သောက်‌ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၄.၇.၂၀၂၅ ရက်နေ့တွင် “စိမ့်စမ်း” အမှတ်တံဆိပ်ဖြင့် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်ရှိ လူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းရောင်းချသည့် လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ