
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်၍ (၁၀.၂.၂၀၂၆)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊“ပညာစံအိမ်” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ သူ(၉၈)ဦး၊ စုစုပေါင်း(၁၀၁)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူရေးရာ ဦးစီးဌာနပေါ် ပေါက်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်သော ကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့တိုင်ကြားနိုင် ပါကြောင်း အကျယ်တဝင့် ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ငွေစာရင်းတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထား သည့် စားသုံးသူ၏ တာဝန်များကို သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများသိရှိပြီး ရယူနိုင်မှသာ လျှင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစား နိုင်ခွင့်များရှိပြီး နောင်အနာဂတ်မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ လိုက်နာ ရမည့်တာဝန်(၄)ချက်ကိုလည်း အသေးစိတ် ဟောပြောခဲ့ပါသည်။
ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းအရာများ၊ အခန်း(၁၉)ပါတိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိလျှင် စားသုံးသူသတင်း ပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင် သူများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ မှာ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာ နှင့် Consumer Call Center (1535)ဖွင့်လှစ်ထားရှိပြီးဖြစ်၍တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောပြီး၊ အသိပညာပေးမှု များအပေါ် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
