သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်ဂိုဒေါင်နှင်ဆန်ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရဦဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် တွင်စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးတို့အတွက်နေ့ စဉ် ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် ၁.၇.၂၀၂၅ ရက်နေ့တွင် ကြက်ဆူတောကျေးရွာဦးဇော်မင်းအောင်၏ စိန်ငါးလုံးဆန်စက်နှင့် ၈.၇.၂၀၂၅ ရက်နေ့တွင် မိုးညိုတန်းလမ်းရှိ ဦးအောင်မြင့်၏အောင်မြင့်ဆန်ဂိုဒေါင်များသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ဆန်ဈေးနှုန်း များ အနေဖြင့် ဧည့်မထ ၁၅ % ဆန် ၊ ငွေတိုးဆန်၊ ရက်(၉၀)ဆန်၊ပခန်းဆန်များမှာ ၁၀၈ပေါင် တစ်အိတ် လျှင်(၆၅၀၀၀/)ကျပ်၊ ဝန်းကျင်ဈေးနှုန်းဖြင့်၎င်း၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင်(၁၂၅၀၀၀/) ကျပ်ဈေး နှုန်း တို့ဖြင့်၎င်း ပုံမှန်ရောင်းဝယ်လျှက်ရှိကြောင်းတွေ့ရှိရပါသည်။ DOCA(ပဲခူး)

မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအသစ်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်ဆန်စက် ပိုင်ရှင်များပူးပေါင်၍ ၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ယခင်ဆန်စက်လုပ်ငန်းရှင် အသင်းအားဖျက်သိမ်း၍ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့မှဒုဦးစီးမှူး၊မစဘ အဖွဲ့ဝင်(၂) နှင့်ဆန်စက်လုပ်ငန်းရှင် ၁၃ဦးတက်ရောက်၍ အုတ်ဖိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းအား ရွေးချယ်ဆောင်ရွက်ခဲ့ကြပါသည်။ DOCA(ပဲခူး)

ပြွန်တန်ဆာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂.၇.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ(၃) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေ ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့ သည် မိတ်ဖက်ဌာနများဖြစ်သော ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါအချက်အလက်များ အကြောင်းကို ဟောပြောရှင်းပြခဲ့ပါသည်။ မြို့နယ်တာ ဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက် များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် အကြောင်း၊ လတ်တလော လူငယ်လူရွယ်များ အကြားတွင် ရေပန်းစားနေသည့် Vape ၏ ဆိုးကျိုး များအကြောင်းကိုလည်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါ သည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၄၇၉)ဦးနှင့် ဆရာ/ ဆရာမ (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၌ “ပြည်သူ့ဆက်ဆံရေးပညာ‌” ခေါင်းစဉ်ဖြင့် Thursday Talk ဆွေးနွေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာ ထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များမှ အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျင်းပလျက်ရှိရာ ၂၆.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူ များနှင့် အမြဲတစေ ထိတွေ့ဆက်ဆံနေရ၍ ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ဆောင်ရန်/ ရှောင်ရန်တို့ကို ဥပမာ၊ ဥပမေယျ များစွာဖြင့် လိုတိုရှင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမြေပြင်စစ်ဆေးခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အစည်းအဝေးအား တက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၅း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မြေပြင် စစ်ဆေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများနှင့်တွေ့ဆုံ သည့် ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ လက်ထောက်ညွှန် ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဝန်ထမ်း များမှ ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၆း၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ပြည်‌ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတွင်တင်ပြရမည့်စာရင်းဇယား အချက်အလက်များနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၅)တွင် တင်ပြရမည့်စာရင်းဇယားအချက်အလက်များနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက် ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက် လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ဆွေးနွေးခြင်း၊ ဗဟိုစာရင်းအင်းအဖွဲ့၊ညွှန်ကြားရေး မှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား(၁၅း၀၀) နာရီအချိန်တွင် ပြီးမြောက် ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၃) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2l-7044 / Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး နှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အလားတူ (၁၀း၀၀) နာရီအချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ (၇၅) ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းဦး၊ ယာဉ်အမှတ် 7F-3017/ Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ အဆိုပါစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၁၆၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

အင်္ဂပူမြို့နယ်ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ကုန်အညွှန်းအမှတ်အသားဆိုင်ရာအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ Olive သောက်ရေသန့်လုပ်ငန်းရှင် ဦးလှမြင့်ဦးနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံ‌ဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ သောက်ရေသန့်ဘူးပေါ် တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသား များ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန် ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေး ရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်မှလည်း သိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ