
မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် မြင်းခြံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ 7 MART Mini Store ဈေးဆိုင်တွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးအား ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် ၉.၃.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဆိုင်တွင် ရောင်းချလျက်ရှိသော အရန်သင့်အစားအစာအမျိုးမျိုးတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သောကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍ လည်း ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူး ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက်လိုက်နာ၍ ရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ကုန်စည်းအားလုံးသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီထုတ်လုပ်ရောင်းချစေရေးတို့အတွက်စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
DOCA(မန္တလေး)
