
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မကြာခင်ရောက်ရှိ လာမည့် မတ်လ (၁၅)ရက်နေ့တွင်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာများ Talk Show ဆွေးနွေးပွဲကို Community Centerခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
၎င်းTalk Show အစီအစဥ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အဖွင့်စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးညီညီဇော်မှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့် နေရာများအား အများပြည်သူ ဗဟုတုတဖြစ်ဖွယ်အသိပညာပေး ဟောပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ Websiteဖြင့်ဖြစ်စေ၊ Doca Myanmar applicationဖြင့်ဖြစ်စေ လာရောက်တိုင် ကြား၍ရနိုင်ကြောင်းနှင့် စားသုံးသူအသိပညာပေးခြင်း၏ ရည်ရွယ်ချက်များအကြောင်း ဆွေးနွေး ပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
