သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   ၁၁.၈.၂၀၂၅ ရက်နေ့၊ နံနက် (၈း၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီလက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချ‌ နေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၅၄) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၇.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြောင်းသိရသည်။

              အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံး သံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ပြည်ပနိုင်ငံများမှ တင်သွင်း၍လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်၍လည်းကောင်း စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေ ရေးလိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ဘိုးနက်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ (၁၁..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့၊ အ.မ.က (ဘိုးနက်မြောက်) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အ.မ.က (ဘိုးနက်မြောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

     ၁၁..၂၀၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် အကြီးတန်း စာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ဘိုးနက်မြောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၈၆) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

    ၈.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ‌မော်လမြိုင် ခရိုင်၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ဝါဝါမြိုင်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲတာဝန်ခံ ‌ဒေါ်မိုးမိုးနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ “ဒိုင်းမွန်း စတား” ဆန်စက်အားကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်/စျေးနှုန်း အခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များ၌ သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆန်ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ ဈေးကစားလိုသည့် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လစဉ် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံဒေါ်ချိုဝေလွင်သည် (၄.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းပြီး ဆန်များအား လစဉ်ထုတ်ပြန်ပေးထားသည့် သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အမျိုးအစား မတူ/ဈေးနှုန်းမတူသော ဆန်များရောနှောရောင်းချမှုရှိ/မရှိတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရ သည်။

DOCA(မကွေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် Sevan Bakery မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် Sevan Bakery မုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

(၄၁) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်

   မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၁) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို (၁၀.၈.၂၀၂၅) ရက်နေ့ နံနက် (၉း၀၀) နာရီက မြို့မ (၂) ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

   ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရကျောင်းဆရာတော် ဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ ပြည်နယ် (YMBA)အသင်း နာယက ဦးဝင်းနိုင်ဦး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလတော်မြတ်ခံယူသည်။ ထို့နောက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။

     ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဧည့်ပရိတ်အပေါင်းတို့က ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ဓမ္မဒူတကျောင်း ဆရာတော်ကြီးမှ အနုမောဒနာတရား ချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မွန်

ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅)  ရက်နေ့၊ နေ့လယ်(၁၃း၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုရေးအတွက်  ရည်ရွယ်၍ ရေနံချောင်း မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။  

    ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ညွန့်မှ အမှာစကားပြောကြားပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ အစားအစာများ စားသုံးရာ၌ ရွေးချယ် ဝယ်ယူစားသုံးရမည့် အချက်များအကြောင်းအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမီအောင်က စာဖတ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူး များအကြောင်းအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ(၁၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၈.၂၀၂၅) ရက်နေ့၊ နေလယ် (၁၂း၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်မီးသတ်အရာရှိတို့နှင့် အတူ  လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီဆိုင်သို့ သွားရောက်၍ ဓာတ်ဆီ 92/95 ဈေးနှုန်း၊ ဒီဇယ်ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိနှင့် ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝင်ရောက်မှုအခြေအနေ၊ လက်ကျန်အခြေအနေများကို အမျိုးအစားအလိုက် (၁) တန်ချင်း သတ်မှတ်ပေတံများဖြင့် စစ်ဆေးပြီး၊ တောင်သူများ စိုက်ပျိုးရာသီနီးကပ်လာသဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မော်တော်ယာဉ်နှင့် ရေယာဉ်များကို ပုံမှန်ရောင်းချရန် သယ်ယူရောင်းချခွင့်မရှိသောပုံးများနှင့် သယ်ယူရောင်းချခြင်းကို လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်ယူနစ်အတိုင်း ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ