
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာ ဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးမှ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖြင့် ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံရန် အတွက် ရည်ရွယ်၍ (၁၇.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်ရှိ ကိတ်မုန့်မျိုးစုံထုတ်လုပ်သည့် “ဇင်းနစ်” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်တာဝန်ခံမှ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များ ထုတ်လုပ်ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာစေရန်အတွက် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် သည့် ကြေညာစာအမှတ်(၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား နှင့်ကိုက်ညီမှုရှိပါက အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ခရိုင်/တိုင်းဒေကြီးဦးစီးမှူးရုံးသို့ ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားဌာန၏ ခွင့်ပြုချက်လိုင်စင်များ လုပ်ဆောင် ရန်လို အပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
