ညောင်တုန်းမြို့နယ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးသည် ညောင်တုန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၃-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့၊ ၇ ရပ်ကွက်ရှိ Atom Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အသုံးပြုသူများပြာသော Atom Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး၍ ဆိုင်တာဝန်ရှိသူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးတို့ တွေ့ဆုံ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍ စစ်ဆေးဆောင်ရွက်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်မျာကို စားသုံးသူထံ ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းမျာ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး စားသုံးသူစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုအများဆုံး ဖြစ်ပေါ်လာသည့်အတွက် စားသုံးသူစိတ်ကျေနပ်မှုရှိပြီး စားသုံးအခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)








