လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့် ပူးပေါင်း၍ (၂၄..၂၀၂၆)ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်မြို့ပေါ်ရှိအိမ်သုံး ဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်  ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေရသည့် ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့် ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် % ထိသာ ဈေးနှုန်းအနည်းငယ်  မြင့်တက်လျှက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိ ဝယ်ယူနိုင်ကြောင်းသိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဆိုင်ရှင်များသို့ အသိပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)