
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည်(၂၀-၄-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ် ငန်းနှင့်စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း မရှိပဲ Online မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ၊ပုဒ်မ (၅)အရအရေးယူခံရမည်ဖြစ်ကြောင်း ယခုအခါအွန်လိုင်းစနစ်ဖြင့် ရောင်းချနေ သော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ် ကိုမှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူ နှစ်ဦးနှစ်ဖက်လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
