သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးကွက်အတွင်းရှိဆန်ဆိုင်များတွင်ဆန် အမျိုးအစား အလိုက်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း ရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဩဂုတ်လ (၁) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြ သော ဦးမြင့်ထူး၊ ဒေါ်မူ၊ မိဘရိတ်၊ ဒေါ်မွှေးကြူဆိုင် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင် ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်း များ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ် ကြရန် နှင့် ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်း တို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိဆန်ဆိုင်များသို့ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ သို့ စားသုံးသူပြည်သူများ၏ နေ့စဉ်အဓိက စားကုန်ပစ္စည်းတစ်ခုဖြစ်သော ဆန်အမျိုးအစား အလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဈေးနှုန်း အခြေအနေအား ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိတ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဆိတ်ကြီးခနောင်တိုမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန်အမျိုးအစားအလိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတ သည့် ဆန်ဈေးကွက်၊ ဈေးနှုန်း ဇူလိုင်လအတွက် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆ မတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

   (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် မှော်ဘီမြို့နယ်၊ မြို့မဈေး၊ C-6၊ အမှတ်(၁၅)ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်မြင့်မြင့်ခင်ဆိုင်သို့ ရောက်ရှိခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၁) ပတ် ကို (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၄)ကြိမ်ပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ် ရည်ညွှန်း ဈေးအပေါ်ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူစရိတ်နှင့်အမြတ် (၂%)သာ ထပ်ဆောင်း ရောင်းချကြပါကြောင်း၊ ကျေးရွာအလိုက်လည်း ညီမျှစွာရကြပါကြောင်း၊ နေ့စဉ်မှတ်တမ်းများ လည်းထားရှိပါကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ သတ်မှတ်ချက်များနှင့်စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အသင့်စား ခေါက်ဆွဲထုပ်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၂.၇.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များရှိ  အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အမြတ်တနိုးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၁.၈.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင်  အမြတ်တနိုး အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

   ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အကြီးတန်းစာရေး သည် (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူးမှ City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူ ပြည်သူများသို့ သင့်တင့်မျှတ သောနှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန် ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် (Reasonable Market Price)များအတိုင်း ရောင်းချ စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်အတွင်းရှိ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

  (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ဟိန်းဆန်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရောင်းချနေသော ဆန်အမျိုး အစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြား ခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်း

    ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး(ဦးစီးမှူး)၊ ဒေါ်ယုယုလွင်(ကြီး/ ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင် နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊   နံနက် (၁၀:၃၀)နာရီ အချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်း များဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဆန်များမှာ ဧည့်မထ၊ ငစိန်၊  ဇီယာ၊  ပေါ်ကျွဲ၊ ပုသိမ်ပေါ်ဆန်း၊  ဖျာပုံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းမွှေး တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

   ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး ၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး (ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ‌ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ်(ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့၊ ငါးကျည်း၊  ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက်(လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက် ၊ ငါးကျည်းခြောက်၊ အာဗြဲခြောက် တို့ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

သထုံမြို့၊ သမိုင်းဝင်ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကျင်းပ

    မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်အသိ ပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ၅.၈.၂၀၂၅ ရက်နေ့ နံနက်က အဆိုပါ ကန်တော်မင်္ဂလာရှေ့၊ ရွှေစာရံဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

  အခမ်းအနားတွင် ဦးစွာကန်တော်မင်္ဂလာပြုပြင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဓာတ်တော်ဆေးကန်တော်ကြီး သမိုင်းအကျဉ်းနှင့် မြို့၏ အထင်ကရအမွေ အနှစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရေး အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားသည်။

   ရွှေစာရံစေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းအရ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓဘုရားရှင် သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွလာစဉ် ရွှေစာရံစေတီ (မူလအမည်- စိရံဌာတု စေတီ)အား တည်ထားရန် သွားတော်ဓာတ်လေးဆူကို ပေးသနားခဲ့ရာ ဆေးကြောသန့်စင်ရန် ဤမင်္ဂလာကန်တော်ကြီးကို တူးဖေါ်ခဲ့ကြောင်း သိရှိရပြီး၊ ယခုအခါကန်တော်ကြီးမှာ ပျက်စီး ယိုယွင်းနေရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြို့မိမြို့ဖများ အလှူရှင်များစုပေါင်း၍ ကန်တော်မင်္ဂလာကြီး သာယာလှပရေး အဆင့်မြှင့်တင်ပြုပြင်ကြမည်ဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၇၀၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ