သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့၌ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်၍ (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဦးလှအောင်ရွှေနှင့်အတူ အောင်ဇေယျ သယ်ယူပို့ ဆောင်ရေးယာဉ်လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ခရီးသည် ပို့ဆောင်ရေးအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ် လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များတွင် ယာဉ် မတော်တဆ ကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများ ယာဉ်မောင်းစဉ် အရက်သေစာသောက်စားထားခြင်းမရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ချောက်မြို့နယ်တွင် သယ်ယူပို့ဆောင်‌ရေးယာဉ်လိုင်းပေါင်း (၂၀)ရှိပြီး မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ နေပြည်တော်အပြင် ချောက်မြို့မှ မြို့ကြီးများစွာသို့ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)အုပ်စုရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်ပြည်သူများ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)အုပ်စုရှိ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ဆီလုပ်ငန်းရှင်များနှင့် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                        ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ/ ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများ၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ဆီလုပ်ငန်းရှင်များ အနေဖြင့် ကျေးရွာ/ ရပ်ကွက်များကိုဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထု လက်ထဲသို့အရောက်ပေးပို့နိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည် ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့်အိမ်ထောင်စုတိုင်းကိုရောင်းချပေးရန်၊ဆီအရောင်းစာအုပ်များနှင့်စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ဆီရရှိမှုများ စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၅) နှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ(၈၃) ပေပါတို့ကို  ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဥ် ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၃၈) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ (၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၅)ပေပါနှင့် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ(၂၉) ပေပါတို့ကို  ယာဥ်မောင်း ဦးကျော်လွင်၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ် ခရိုင်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၉၄) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်လှေရောက်ရှိလာသဖြင့် အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သာဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန် သည်များသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်များမှာယူလျက်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ (၁၈.၁.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန် (၄၅၀) အိတ်ရေ (၉၀၀၀)နှင့် MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅) အိတ်ရေ (၉၅၀၀)တို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာသဖြင့် မြိတ်ခရိုင်ရှိ စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရန်ကုန်ဆီကန်မှ ထုတ်ယူခဲ့သောစားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၇.၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၈) သည် မော်တော် ယာဉ်အမှတ် 2F-8075 ဖြင့် (၂၂.၁၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိ ရပါသည်။

   အဆိုပါ စားအုန်းဆီများကို မြိတ်မြို့သို့အမှန်တကယ်ရောက်ရှိခြင်းရှိ/မရှိအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကွင်းဆင်းစစ်ဆေးချက်အရ မော်တော် ယာဉ်အမှတ် 2F-8075 ဖြင့် စားအုန်းဆီ ပေပါ (၈) ပေပါရောက်ရှိလာကြောင်း ၎င်းတို့ကို မြိတ် ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 POINT Online  Shop အား   မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အိမ်အမှတ် (၃၅၇)၊  အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သွားရောက်၍ POINT Online  Shop မှ စားသောက်ကုန်များအား Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု  ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Just For You Online Shopအား  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် Just For You Online Shop  မှ “အလှကုန်ပစ္စည်းများ”အား  အမှတ် (၂၅)၊  ၁၄၈လမ်း၊  ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိ၊ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကိုစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မာလာပိုးထည်တိုက်အား အွန်လိုင်းမှတ်ပုံတင် ထုတ်ပေးနိုင်ရေးမြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် မာလာပိုးထည်တိုက် ”အား  အမှတ်(၃)မြခွါညိုအိမ်ရာ၊ အောင်ကောင်းကျော်(၃)လမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကို စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ရေကျော် (City Mart ) တွင် ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် (City Mart )ရှိ  ဆန်ရောင်းချမှုအခြေ အနေများကို (၂၄.၁၂.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/ မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း   (အကြီးတန်းစာရေး)က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာဆန်များကိုသိုလှောင်ထားခြင်းမပြုရန်ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ