ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       မအူပင်ခရိုင်၊ မအူပင်မြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်း ကလေးအာဟာရ ဖြည့်စွက်စာရောင်းချနေမှုကို ၀-၄-၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြို့မဈေးနှင့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်လျက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကုန်စုံ ဆိုင်များရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန ၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ ညွှန်ကြားချက်အမိန့်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထား သော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/ မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့် ကိုက်ညီမှု ရှိ/ မရှိတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)