သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းဖြင့် ရောင်းချနေသောလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၅) ရက်နေ့ နံနက်(၁၁:၁၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁၄၈)၊ (6)လမ်း၊ (5)ရပ်ကွက်ရှိ Friday Online Store အမည်ဖြင့် လူသုံးကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဈေးကွက်အတွင်း ရောင်းချနေသာ လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ လုပ်ငန်းလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ ထက်ထက်အီလက် ထရောနစ်အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂/အေ၊ ၃၂၆)၊ မုဒိတာအိမ်ရာ(၂)၊ ဖန်ချက် စက်လမ်း၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ထက်ထက်အီလက်ထရောနစ် Online စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့တိုင်းအသိပညာပေး Talk Show ဟောပြောခြင်း

    ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန  မှ  လစဉ်ကျင်း ပပြု လုပ် သော ကြာသပတေးနေ့တိုင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Showဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ ဆဌမအကြိမ် မြောက်ဟောပြောပွဲ ကို ( ၂၄.၇.၂၀၂၅ ) ရက်‌ နေ့ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင်   သာယာဝတီမြို့နယ် တာဝန်ခံဒေါ်အေးသန္တာထွန်းမှ “အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်ရရှိထားသူများ၏တာဝန်များနှင့် အခွင့်အရေးများ” အကြောင်းသိကောင်းစရာ  ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Showဆွေးနွေးပွဲကိုသာယာဝတီ၊ လက်ပံ တန်း၊မင်းလှ၊မိုးညို၊အုတ်ဖို၊ကြို့ပင်ကောက်မြို့နယ်များမှဝန်ထမ်းများနှင့်ဆောင်ရွက်ခဲ့ပါသည်။

     အခမ်းအနားတွင် ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများကိုလစဉ်အသိပညာပေး ဟောပြောခြင်းဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မား လာပါကြောင်း မိမိတို့ အနေဖြင့်  လည်း  ပြည်သူများနှင့်ဆွေးနွေးပွဲများပြုလုပ်ရာတွင်လည်းစိတ်ပါဝင်စားစွာဆွေးနွေးပြောပြနိုင်အောင် အပြန်အလှန်ပရိတ်သတ်ကိုလည်းကြည့်ပြီးအလွတ်ဆွေးနွေးပြောကြားနိုင်အောင်လေ့ကျင့် ပြောကြားသင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဒေါ်အေးသန္တာထွန်းမှမည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လက်မှတ် လျှောက်ထားရရှိပြီးမှလုပ်ကိုင်ဆောင်ရွက်ရမည်ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၄ ပုဒ်မခွဲ(ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၁) ရက် အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်း စနစ်ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ်သည့် အမိန့် ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ နေ့ မှာပင် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃၀ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်း မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကိုထုတ်ပြန်ခဲ့ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်း လုပ်ငန်းဆိုတာ ၎င်းအမိန့်အရ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း စနစ်မှ တဆင့် ဝန်ဆောင်မှုပေး၍ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်းတို့ကို အသေးစိတ်ဟောပြောခဲ့ပြီး အွန်လိုင်းဖြင့် တက်ရောက်သော မြို့နယ်တာဝန်ခံများနှင့် ခရိုင်စားသုံးဌာနခွဲ တာဝန်ခံတို့မှ ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ကျေးနီကျေးရွာ၌ အသိပညာပေးဟောပြောခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျေးနီရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅.၇.၂၀၂၅ )ရက်‌နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာ၊စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးမှူး  ဒေါ်ခိုင်ခိုင်ရီ ကစားသုံးသူ အခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊  စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံး သူများ  နစ်နာဆုံးရှုံးမှုများရှိပါက  www.doca.gov.mm တွင်တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေး ရာဦးစီးဌာနနှင့် CICC နှင့် Facebook Page  တို့တွင်တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေးရာ အရပ် ဖက်အဖွဲ့အစည်းများမှ  တစ်ဆင့်တိုင်ကြားနိုင်ခြင်း၊ Call Center 1535သို့တိုင်ကြား နိုင်ပါကြောင်း အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

NEW STAR TRADING လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (24.7.၂၀၂၅)ရက်နေ့ နံနက်(၀၉:30) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(69/ဘီ)၊ နီလာ(၃) လမ်း၊ စော်ဘွားကြီးကုန်းဝင်းအတွင်း ဖွင့်လှစ်ထားသော New Star Trading အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြား လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၅.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)  နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော ALPHA (ထမင်းပေါင်းအိုး)၊ Samsonic (ထမင်းပေါင်းအိုး)၊ SHARP(ထမင်းပေါင်းအိုး)၊ FRRFALLA (စားပွဲတင်ပန်ကာ)၊ LEGACY (ခြင်ရိုက်ဘတ်တံ)၊ AMC(မီးပလပ်ခုံ)၊ Kettle(ရေနွေးအိုး)၊ K-Like(အားသွင်ဆလိုက်ဓါတ်မီး)၊ Islor (အားသွင်းပန်ကာ)၊Royal (လျှပ်စစ်မီးပူ) စသော လျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိုးညိုမြို့ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၂.၇.၂၀၂၅ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်မြို့မဈေးဦးခင်နိုင်ကုန်စုံဆိုင်အား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့်အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှု များဖော်ဆောင်ဖြည့်ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း  ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

အွန်လိုင်းဈေးရောင်းချမှုဆိုင်ရာအသိပညာပေး Talk Show

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၂၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး၊လူထုအခြေပြုဗဟိုဌာန (Community Centre) အွန်လိုင်းဈေးရောင်းချမှု့ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

          အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သတ်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းလေးမှသိလိုသည့်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံမှ မိမိတို့ဝန်ကြီးဌာနတွင် အွန်လိုင်းဈေးရောင်းချခြင်း လုပ်ငန်းကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ အမိန်ကြော်ငြာစာအမှတ်နှင့် ထုတ်ပြန်သည့်နေ့ များသိရှိရန်ပြောကြားပြီး အွန်လိုင်းဈေးဝယ်ယူရာတွင် မိမိတို့ဝယ်ယူမည့် ကုန်စည်ကိုလေ့လာပြီး ယုံကြည်စိတ်ချရသည့် Online Shopping များတွင် ဝယ်ယူကြရန်၊Online Sale ရောင်းချ သည့်သူများ မှတ်ပုံတင်လုပ်ငန်း လျှောက်ထားနိုင်သည့် ကုန်စည်အမျိုးအစား (၂၂) မျိုးနှင့် ဝန်ဆောင်မှုအမျိုးအစား (၁၄)မျိုးတို့ကို အသေးစိတ်ရှင်းပြပြီး Online ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားလိုလျှင် မိမိတို့မြို့ရှိ မြို့နယ်တာဝန်ခံရုံးတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ကြောင်းနှင့်မိမိကိုယ်တိုင်မှတ်ပုံတင်လျှောက်ထားလိုလျှင်လည်း(https://www.ecoreg.gov.mm) မှ link တွင်ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးပြောကြားသည့် Talk Show ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 သာယာဝတီမြို့နယ်အိမ်သုံးဆေးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဈေးလမ်းရှိ ထက်အောင်ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ( ၂၂.၇.၂၀၂၅ ) ရက်နေ့၊ နံနက် ( ၉ : ၃၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ တို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်  အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊  ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊  သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း (၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထား ဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့အတွင်းရှိဆေးဆိုင်ဆေးခန်းများအားကွင်းဆင်းစစ်ဆေးခြင်း

     (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်မြို့နယ်အတွင်းရှိ ဆေးဝါး၊ ဆေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား လျှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာန များဖြစ်သော ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်မြို့နယ် စားသုံးသူ ရေးရာဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

      ပြည်မြို့ပေါ်ရှိဆေးဆိုင်များနှင့် ရောဂါရှာဖွေရေးဆေးခန်းများသို့ သွားရောက်၍ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် တွေ့ရှိပါက သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်အသားမပါရှိသည့် ဆေးဝါးများကိုတွေ့ရှိပါက သိမ်းဆည်းခြင်းနှင့် ခံဝန်လက်မှတ်ထိုးစေခြင်း၊ စပ်ဆေးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းထောက်လှမ်း၍ စပ်ဆေးမ ရောင်းပါဟု ဆိုင်းဘုတ်တပ်ခိုင်းခြင်း၊ ဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်များအတွင်း မဖြစ်မနေထားရှိရမည့် သာမိုမီတာ တပ်ဆင်ထား ခြင်းရှိ/မရှိ နှင့် စည်ပင်လိုင်စင်ရှိ/ရှိ စသည့် စစ်ဆေးခြင်းများကို ကိစ္စရပ်များကို ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ