ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show  ပြုလုပ်ခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည် (၂၃.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွား ကိုကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက်အကြောင်းအရာများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ရှိကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စားသုံးသူထိခိုက်နစ် နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများဖြစ်သည့် (www.doca.gov.mm)၊  Facebook Pages၊  Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)