
စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ ဝန်ထမ်းစွမ်း ဆောင်ရည် မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်း အနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးမှ အရာထမ်း၊ အမှုထမ်း ( ၆၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အရာထမ်း၊ အမှုထမ်း ( ၅၈)ဦး၊ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ Online ဖြင့် Thursday talk ဆွေးနွေးပွဲ ဆောင်ရွက်သည်မှာ (၃)ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ပူးပေါင်းညှိနှိုင်းမှုသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက် ဆွေးနွေးပွဲများမှတစ်ဆင့် တိုင်းတစ်တိုင်နှင့်တစ်တိုင်းကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာခြင်းသည် နမူနာစံပြတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်က အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းဆွေးနွေးခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးမှ ပြင်ဦးလွင် တာဝန်ခံ ဦးသက်လွင်ဦး ၊ ဦးစီးအရာရှိက ကော်ဖီသီးနှံအကြောင်းတို့ကို Power point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို အပြန် အလှန်မေးမြန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို ဆွေးနွေးမှုများမှ တစ်ဆင့် တိုင်းတစ်တိုင်း၏ အောင်မြင်မှုအတွေ့အကြုံများကို တစ်တိုင်းနှင့် တစ်တိုင်းသင်ယူနိုင်ပြီး Thursday talk ပူးပေါင်းဆောင်ရွက်ခြင်းသည် မိတ်ဖက်ဆက်ဆံရေးကို တိုးတက်စေသည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသော နမူနာစံပြတစ်ရပ်ဖြစ်ကြောင်း၊ နောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
