စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန်  Ai သင်တန်းဖွင့်လှစ် 

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တက်လာစေရန်နှင့် ယနေ့ခေတ် ဒစ်ဂျစ်တယ်ပြောင်းလဲမှုလျင်မြန်လာသည့် အချိန်တွင် ရုံးဝန်ထမ်းများအတွက် နည်းပညာအသစ်များကို လေ့လာအသုံးချနိုင်ရန်  Artificial Intelligence (AI) သင်တန်းကို online ဖြင့် (၂၂.၄.၂၀၂၆) ရက်နေ့မှ (၂၃.၄.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ အရာထမ်း/ အမှုထမ်း ( ၃၅  )ဦးတက်ရောက်ခဲ့ပါသည်။

          ၂၂.၄.၂၀၂၆  ရက်နေ့တွင်   မန္တလေးတိုင်း ကွန်ပျူတာပညာရှင် ဥက္ကဌ ဦးနေဝင်းအောင်က AI  ဆိုတာ ကွန်ပျူတာတွေကို လူသားလို စဉ်းစားနိုင်၊ လေ့လာနိုင်၊ ဆုံးဖြတ်နိုင်အောင် ပြုလုပ် ပေးထားတဲ့ နည်းပညာတစ်ခုဖြစ်ကြောင်း၊  AI ၏ သမိုင်းကြောင်းနှင့် လက်ရှိ အနာဂတ် ကောင်းကျိူး နှင့်ဆိုးကျိုးအကြောင်း၊ AI  ၏ အားသာချက်/ အားနည်းချက်အကြောင်း၊ AI  အမျိုးအစားများ၊ နေ့စဉ်အသုံးပြုရာတွင် လွယ်ကူအဆင်ပြေစေရန် AI  ကို စနစ် တကျ အသုံးပြုပုံ၊ AI  ဖြင့် ဓာတ်ပုံ၊ရုပ်ပုံဖန်တီးခြင်း၊ ပြုပြင်ကြည့်ခြင်း၊ AI  ဖြင့် လွယ်ကူစွာ ဗွီဒီယို ပြုလုပ်ခြင်း၊ ဖန်တီးခြင်းများ၊ AI  ဖြင့် Presentation ပြုလုပ်ပုံများကို Power Point ဖြင့် အသေးစိတ် စာတွေ့ ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

          ဆက်လက်၍ ၂၃.၄.၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်း ကွန်ပျူတာပညာရှင် ဦးစည်သူက AI  တွင် မိမိသိလိုသည့်အကြောင်းများကို မေးမြန်းရာတွင်  Chatgpt နှင့် ၊ Gemini အသုံးပြုပုံအကြောင်း ၊ ဓာတ်ပုံ၊ ရုပ်ပုံဖန်တီးခြင်း၊ ပြုပြင်ကြည့်ခြင်း၊ ဗွီဒီယို ပြုလုပ်ခြင်း ၊ ဖန်တီးခြင်းများ၊ Presentation ပြုလုပ်ပုံများကို Canva ဖြင့် အသုံးပြုပုံ အကြောင်းတို့ကို  Power Point ဖြင့် အသေးစိတ် လက်တွေ့ရှင်းလင်း သင်ကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)