သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့နယ် စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီ များအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့်စက်မှု လုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် သာစည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင် ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)   

ဂန့်ဂေါခရိုင်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ် ကွပ်ကဲ မှုအောက်ရှိ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည်  (၁၀..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်  ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Commnity Centre ခန်းမ၌ စားသုံးသူပြည်သူများသိရှိစေရန် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) တွင် ပြဌါန်းထားသော အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ပုဒ်မ ၄၁၊ ၄၂၊ ၄၃ အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ် ချက် များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် ကုန်စည်ပေါ်တွင် ကုန်စည် ၏တံဆိပ်အမှတ်အသား၊  အမျိုး အမည်၊ အရွယ်အစား၊အရေအတွက်နှင့်  အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ/ ထုတ်လုပ်သူ၏ အမည်နှင့် လိပ်စာ ၊ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့်ကြိုတင်သတိ ပေးချက်၊ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ စသည့်တို့ပါဝင်ရ မည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိပါသည်။

DOCA(မကွေး)

“မိတ္ထီလာမြို့နယ်အတွင်းရှိ အချိုရည်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

                စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဧပြီလ (၂၁) ရက် နေ့တွင်မိတ္ထီလာမြို့နယ်၊ စွယ်တော် ကုန်စုံဆိုင်အတွင်းရောင်းချလျှက်ရှိသော အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါ သည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အချိုရည်များရောင်းချခြင်း ရှိ/မရှိတို့ အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသား ပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်း နှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အချိုရည်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)      

           

ဂန့်ဂေါမြို့ရှိ “ကောင်းမွန်” မုန့်မျိုးစုံလုပ်ငန်းရှင်ထံသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရေးကွင်းဆင်းအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲ မှုအောက်ရှိ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် (၂၂.၄.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ  “ကောင်းမွန်မုန့်မျိုးစုံလုပ်ငန်းရှင်ထံသို့ သွားရောက်၍ ကုန်အမှတ်တံဆိပ်ပြည့်စုံစွာပါဝင်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက် အလက် များ၊ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ အပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌါန်းချက် များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန် အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ကုန်အမှတ်တံဆိပ် စစ်ဆေး ခွင့်ပြုချက်များအား မိမိတို့ဌာနသို့ တင်ပြစိစစ် လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

သာစည်မြို့နယ် အင်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ

              မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ခုနှစ် ၊ ဧပြီလ (၂၀) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

        ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဒေါ်သိမ့်သူဇာမောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်း ဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအားလည်းကောင်းစားသုံးသူအခွင့််အရေးနစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲ ရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာ ဆုံးရှုံးမှုများ ရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြော ပွဲတွင် (၅၃)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                    

အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး ဟောပြောပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၉.၄.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် ()ရပ်ကွက်ရှိ သူနာပြုနှင့် သွားဖွားသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ သင်တန်းသား၊သင်တန်းသူ (၁၀၀) ဦးနှင့် ဆရာ၊ ဆရာမ (၁၀) ဦး စုစုပေါင်း (၁၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပထမဆုံး ရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း ()ပါ စားသုံးသူများရရှိသည့်အခွင့်အရေး ()ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန်()ချက်ကိုလည်းသင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ ဆရာမများကို သိရှိ နားလည်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။ အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ 

    ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အ ညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် ()ချက်အား တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများနှင့် ဆရာ၊ ဆရာမများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများ မပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ပါကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်း ကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင် ကြောင်းများနှင့် တိုင်ကြားနိုင်သည့်ပုံစံများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၇..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)တွင် ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းစေခြင်း၊ အစား အသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အား နည်းမှုမရှိစေခြင်း၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိစေခြင်းနှင့် ကျန်းမာရေး ပြဿနာ များမှ စားသုံးသူများအား ကာကွယ်ရန်ရည်ရွယ်၍ မိတ်ဖက်ဌာနများ ဖြစ်သော အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ပူးပေါင်းအဖွဲ့များ သည် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင် များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြ ထားရန် လိုအပ်ကြောင်း သို့မှသာ စားသုံးသူ၏ အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး  စားသောက် ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက်ဝန်ဆောင်မှု ကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

“Online Sale မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ”

                    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)သည် ဧပြီလ (၂၃) ရက်နေ့၌ Online မှတစ်ဆင့် ရောင်းဝယ်လုပ်ကိုင်နေသော တံတားဦးမြို့ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှု၊ အီလက်ထရောနစ် ပစ္စည်းနှင့် အခြားသုံးပစ္စည်းများ ရောင်းချနေမှုအပေါ် စစ်ဆေးမှုအရ လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်း ရောင်းချသူများ အနေဖြင့် ကုန်စည် ဝန်ဆောင်မှုအတွက် စားသုံးသူကပေးချေရန်နည်းလမ်းနှင့်ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချရန်၊ လုပ်ငန်းရှင်မှတင်ပြလာသောအချက်အလက်များ၊ အမှတ်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ် အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို (၂၂.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များထံသို့ သွား ရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့် အခြားဝန် ဆောင်မှုအား အွန်လိုင်းဖြင့် ပြုလုပ်ဆောင်ရွက်နေသည့် လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချ ခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်းများ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရလည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့ပေါ်ရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန် စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက် အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (၂၈..၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များမှ လုပ်ငန်းရှင်များအား မိမိတို့ ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် အခြားကုန်စည်များတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်း များကို ရောင်းချခြင်း မပြုရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန် အသိပညာပေးဆွေးနွေး စားသုံးသူ ရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ