သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ၂၃.၉.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထို မြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဓမ္မာရုံ၌ ကျေးရွာနေ ရပ်ကွက်သူ/သား (၆၀) ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစည်သူက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မဝယ်မီ ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုစစ်ဆေး၍ ဝယ်ယူ သုံးစွဲရန် အရေးကြီးကြောင်း၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်နှင့် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် ပါ/မပါ စစ်ဆေး၍ဝယ်ယူရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်း အေးခဲအစားအစာများအား ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ၂၂.၉.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံ မြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျက်ရှိသော အေးခဲအစားအစာအမျိုးမျိုး တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်း အမှတ်အသားများကို ဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် လိုအပ်သည့်အသိပညာပေး ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ကွင်းဆင်းစစ်‌ဆေး

 

          ၂၂.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ‌ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှန်တကယ်အသုံးပြုသူများနှင့် စာချုပ်ဆိုနိုင်ရန် စာချုပ်ပုံများ သတ်မှတ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများအား မှန်ကန်သည့် အသေးစိတ်ငွေတောင်းခံလွှာများ ပေးပို့ခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်ကို သတ်မှတ်ပေးခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက် အလက်လုံခြုံရေးတို့ကို ကာကွယ်‌ပေးသည့် အစီအစဉ်များအား စာဖြင့်ရေးသားဖော်ပြ ထားခြင်း ရှိ/မရှိ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြခြင်း ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသောလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

          ၂၂.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်ရှိ “HONG SAR GONG” အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ကုန်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာ အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများရောင်းချရာတွင် စားသုံးသူများ သိရှိနိုင်စေရန် ကုန်ပစ္စည်း၏ အမည်၊ အမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်းနှင့် အခြားလိုအပ်သည့် အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖော်ပြပေးရန်၊ စားသုံးသူများ အား မှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်၍ တာဝန်ယူမှုရှိစွာရောင်းချရန် တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘားအံမြို့ရှိ အ.ထ.က (၅) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      (၂၁-၉-၂၀၂၆) ရက်နေ့ ၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ဘားအံမြို့ရှိ  အ.ထ.က (၅) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၃)ဆိုင်တွင် ရောင်းချနေသော စားသောက် ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA (ကရင်)

                                                                                                                                                                                                                               

                       

 

မုဒုံမြို့နယ်တွင် ဆေးဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

         ၂၁.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံ မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် သက်တမ်းလွန် ဆေးများနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ပြင်ဆင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ သက်တမ်းလွန် ဆေးများနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ပြင်ဆင်ရောင်းချခြင်း မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်ရှိ “ကျေးဇူးတော်” သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

          ၂၂.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဆင်းသိင်္ဂီလမ်းရှိ “ကျေးဇူးတော်” သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ သောက်ရေသန့်ထုတ်လုပ်ပြီး ဈေးကွက်သို့ မဖြန့်ဖြူးမီ ကုန်အညွှန်းအမှတ်အသားအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ရာတွင် “ကျေးဇူးတော်” သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်လျက် ရှိသော သောက်ရေသန့်ဗူးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သောက်ရေသန့်ဖြန့်ဖြူးရာတွင် သက်ဆိုင်ရာဌာနများ၏ စည်းကမ်း သတ်မှတ်ချက်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သောက်ရေသန့်စက်ရုံအတွင်း သန့်ရှင်းသပ်ရပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်း အေးခဲအစားအစာများအား ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ၂၃.၉.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချလျက်ရှိသော အေးခဲ အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိခြင်း ရှိ/မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်း အမှတ်အသားများကို ဥပဒေနှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် လိုအပ်သည့် အသိပညာပေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လွိုင်ကော်မြို့ပေါ်ရှိ ဘူးသွင်းဆီများ ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချနေသောဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ် ရှိ ဘူးသွင်းဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ရွှေမင်း၊ ဒေါတမ၊ ဝင်းရွှေဝါ ဆီစက်များသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး  ကွင်းဆင်းစစ်ဆေးရာတွင် ရွှေမင်း၊ ဒေါတမ၊ ဝင်းရွှေဝါ ဆီစက်များ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ဘူးသွင်းဆီများတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉ )အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်း သတင်းရရှိပါသည်။

DOCA (ကယား)

 

ဘီးလင်းမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

 

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၈.၉.၂၀၂၆) ရက်နေ့ တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးခန်းမ၌ ဘီးလင်းမြို့နယ်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချနေသော လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချရာတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား သောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူများ သတိထားရမည့် အခြေခံအချက်များ အား ပြည့်စုံစွာ ဖော်ပြရန် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားကြရန်နှင့် မှတ်ပုံတင်လျှောက်ထားပါက မဖြစ်မနေပူးတွဲ လျှောက်ထားရန်လိုအပ်သည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ