
၂၂.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်ရှိ “HONG SAR GONG” အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ကုန်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများရောင်းချရာတွင် စားသုံးသူများ သိရှိနိုင်စေရန် ကုန်ပစ္စည်း၏ အမည်၊ အမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်းနှင့် အခြားလိုအပ်သည့် အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖော်ပြပေးရန်၊ စားသုံးသူများ အား မှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်၍ တာဝန်ယူမှုရှိစွာရောင်းချရန် တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
