သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သတင်းမီဒီယာ၊ ဆိုရှယ်မီဒီယာ များတွင် တင်ပြထားသည့် ပဲဆီနှင့်နှမ်းဆီစျေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု မြင့်တက်လာဟူသော သတင်းခေါင်းစဉ်နှင့်စပ်လျဉ်း၍ မြိတ်မြို့ရှိပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသော စားသုံးဆီများတွင် ရောနှောဆီများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းကုန်စုံဆိုင်ကြီးများတွင် ပဲဆီ၊ နေကြာဆီများကိုသာ ရောင်းချလျက်ရှိပြီး နှမ်းဆီရောင်းချမှုမှာ စျေးကွက်မရှိသဖြင့် ရောင်းချမှုများမှာ မရှိသလောက်နည်း ပါးကြောင်း၊ ပဲဆီနှင့် နေကြာဆီ စားသုံးမှုမှာလည်းနည်းပါးပြီး ရန်ကုန်မှ တင်သွင်းရောင်းချသည့် ပြည် တွင်းအမှတ်တံဆိပ် ၁၀၀ ရာခိုင်နှုန်းစစ်စစ်များကိုသာ ရောင်းချလျက်ရှိပြီး မြိတ်မြို့တွင် အဓိကအား ဖြင့် စားအုန်းဆီနှင့်၊ ပဲပိစပ်ဆီများကိုသာ အဓိကစားသုံးကြသည့်အတွက် ပဲဆီနှင့် နှမ်းဆီများအား အရောအနှောရောင်းချသည့် ရောနှောဆီများ မတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင်မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

      ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ် မြို့ပေါ်ရှိ ကလေးအသုံးအဆောင်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ၊ အလှကုန် များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်တရောနစ်ပစ္စည်း ရောင်းချသည့်လုပ်ငန်း များနှင့် အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းများ မှအွန်လိုင်းရောင်းချခွင့်လိုင်စင်လျှောက် ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြား လို အပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေး ခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘီးလင်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

 

          ၂၄.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘီးလင်းမြို့နယ်အတွက် စက်သုံးဆီရောက်ရှိမှု အခြေအနေ၊ ရောင်းချနေမှုအခြေအနေတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချရာတွင် လီတာပြည့်/မပြည့် တို့ကို စစ်ဆေးခဲ့ပါသည်။ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်နှုန်းထားပမာဏပြည့်ဝစွာ ရောင်းချခြင်း ရှိ/မရှိ၊ ပုံးပေပါများနှင့် ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်း သွားရောက်စစ်ဆေးခဲ့ပါသည်။

          DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသောလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

 

          ၂၈.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင် (၂) ဦးနှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်း လိုက်နာရမည့် အချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အွန်လိုင်းရောင်းချလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက် ရန်လိုအပ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် မှန်ကန်ပြည့်စုံသော အချက်အလက်များ ဖော်ပြ ရမည့်အကြောင်းနှင့် စားသုံးသူအခွင့်အရေးများကို ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့အတွင်းရှိ‌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၅.၉.၂၀၂၆ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဘီးလင်းမြို့အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

ချောင်းဆုံမြို့နယ်၌ “Islanders” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          ၂၅.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ညောင်လန်း ကျေးရွာရှိ “Islanders” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး ပြီး လုပ်ငန်းရှင်အား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)  ပါ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့် တာဝန် (၁၁) ချက်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၉/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့်အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့် အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။  စားသုံးသူကာကွယ်ရေးနဉ်းဥပဒေတွင် ကော်မတီ၏ ပုံမှန် အစည်းအဝေးကို အနည်းဆုံး သုံးလလျှင် တစ်ကြိမ် ကျင်းပရမည်ဟု ပြဋ္ဌာန်းထားသော်လည်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပပြုလုပ်လျက်ရှိပါသည်။

     မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေးကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးရန်အတွက်(၉/၂၀၂၆) စားသုံးသူရေးရာကော်မတီအစည်းအဝေးကို(၂၉-၉-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြပါသည်။       

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်း ရေးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင် (၈/၂၀၂၆) စားသုံးသူရေးရာကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ ယခင်လ အတွင်း အင်တာနက်တိုင်ကြားမှုများ၊ Sim Card လိုင်းမကောင်း၍ တိုင်ကြားမှုများ၊ Package ဝယ်ယူရာတွင် အဆင်မပြေ၍ တိုင်ကြားခြင်း၊ Online Shop မှဝယ်ယူရာတွင် အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ ဖုန်း ပြင်ဆင်ဆိုင်သို့ ဖုန်းပြင်ရာမှ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ ဂေါက်ပစ္စည်းဝယ်ယူရာ အငြင်းပွားမှုများကို ဖြေရှင်း ခြင်းနှင့် ပရိဘောဂဝယ်ယူရာမှ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း စသည့် တိုင်ကြားမှုများအား  ဖြေရှင်းဆောင်ရွက် ပြီးစီးကြောင်း၊ ဖြေရှင်း ဆောင်ရွက်နေဆဲအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မှု တိုင်ကြားခြင်း၊ ကားပြင်ရာမှ ကားဝပ်ရှော့အား တိုင်ကြားမှုဖြစ်စဉ်၊ Online Shop မှ ပစ္စည်းမှာယူရာ မရောက်ရှိ၍ တိုင်ကြားခြင်း၊ ပုဂ္ဂလိကကျောင်း ဝန်ဆောင်မှု ရယူ သုံးစွဲရာ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ အင်တာနက်လိုင်းမကောင်း၍ တိုင်ကြားခြင်းနှင့် အဝတ် အထည်များ မှာယူရာတွင် အဆင်မပြေ၍ တိုင်ကြားခြင်း စသည့် တိုင်းကြားမှုများအား ဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက်(၁၀:၀၀)နာရီအချိန် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ဒေးဗရိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 

၂၃.၉.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော် မင်းက စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်း စရာများ၊ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှုဝယ်ယူသုံးစွဲရေးနှင့် စားသုံးသူများ လိုက်နာသင့်သည့် တာဝန်များကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

 

၂၄.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ ကျွန်းရွာလမ်းရှိ “Girly Vibes” အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပ

 

         ၂၄.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာ ပေး Talk Show” အား ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း သုံးစွဲပုံနည်းလမ်း၊ ပစ္စည်းထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ စသည့် သိကောင်းစရာတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ