သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် MyRO မှတ်ပုံတင်စနစ်တွင် ကုန်ရ၊ကုန်ထုတ်စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် MyRO မှတ်ပုံတင်စနစ်တွင် ကုန်ရ၊ ကုန်ထုတ်စာရင်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ရှင်းလင်းဆွေးနွေးရာတွင် MyRO မှတ်ပုံတင်စနစ်တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်စနစ်မှ လစဉ်ဖြည့်သွင်းရမည့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ(၁/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစား အသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ‌‌ရေးကော်မတီ(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ ရှင်းလင်း ဆွေးနွေးခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံမှ မိမိတို့ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင် ပြခြင်းနှင့် လူမှု‌ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား အောင်မြင်စွာပြီး မြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူအသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.ထ.ကတော်ကူးကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။     

        ထိုသို့ စားသုံးသူအသိပညာဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကုသနိုင်သည့်ရောဂါများအကြောင်း၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စစ်ဆေးရေးအရာရှိများနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ စားသုံးသူအခွင့်အရေးနစ်နာမှုများ ကာကွယ်ပေးနိုင်ရေးအတွင် ကုန်စည်အုပ်စုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများသိရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၃၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်မှ ယခုကဲ့သို့ လာရောက်၍ အသိပညာပေးဟောပြောပွဲခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာ

      မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ Myanmar Oil Allianceကုမ္ပဏီမှ မြိတ်မြို့ အတွက် (၂၆.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီများကို ယာဉ်အမှတ် 3S-8726 တွင် တင်ဆောင်လာခဲ့ပြီး (၃.၁၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောက်ရှိလာသော စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ယာဉ်အမှတ် 3S-8726 တွင် စားအုန်းဆီပေပါ(၇၂)ပေပါသည် ရောက်ရှိလာခဲ့ပြီး အဆိုပါစားအုန်းဆီများကို နှစ်ရာခိုင်နှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်ရှိ Hein Moe Thu စာကလေးကြော်နှင့်အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အမှတ်(၁၂၂)၊ အမိုးရေတွင်းလမ်း၊ စျေးတန်းရပ်၊ မြိတ်မြို့ရှိ Hein Moe Thu စာကလေးကြော်နှင့်အကြော်စုံလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဖော် ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက် ရန်၊ သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၏ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

“ ကော့မှူးမြို့နယ်ပျံကျဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်အေမီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အိနန္ဒာကျော်နှင့် ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုးဝင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးဆမ်းပန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  ပဲပြား၊ ပဲသွေး၊ မျှစ်အဝါ၊ မျှစ်အနီ၊ စိမ်းစားငံပိ (မျှင်ငံပိ)တို့တွင် Auramine-O ခွင့်မပြုဆိုးဆေးပါဝင်ခြင်းမရှိသော အမျိုးအစားများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေး အသိပညာပေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရပ်ကွက်များရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက် များအတွင်းရှိ ဆန်ဆိုင်များသို့ ဒီဇင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ အမှတ်၂(၁၁၉) စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ဆန်ဆိုင်၊ အမှတ်(၁၃၅) စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ စန်းသော်တာ ဆန်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနမှ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့်ဝန်ထမ်းများသည် ၄-၁၂-၂၀၂၅ ရက်နေ့တွင် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၊ဘားကပ်ကျေးရွာ၊ မြိုင်ကလေးကျေးရွာတို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ စားအုန်းဆီများစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ကွင်းဆင်းိစစ်ရာတွင် သတ်မှတ်ရည်ညွှန်ဈေးဖြင့် ဖြန့်ဖြူရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိစေရေး၊ အလေးချိန်အရေအတွက်နှင့် အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်အရည်အတွက်အတိုင်း ဖြန့်ဖြူးရောင်းချစေရေးတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူသော အရောင်း ဆိုင်များကို ဘားအံမြို့နယ်တွင် (၃၁)နေရာ ဘားအံမြို့အနီးတဝိုက်ကျေးရွာတွင်(၇)နေရာ အခြားမြို့နယ်များတွင် (၆) စုစုပေါင်း လက်လီအရောင်းဆိုင်(၄၄)ဆိုင်မှ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ဈေးအတိုင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျကိရှိကြောင်း သိရသည်။

DOCA(ကရင်)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင် များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

    ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့်၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်ရောင်းချနေသည့် အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူ များအတွက် ရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများ ဒေသအတွင်းဖြစ်သင့်ဖြစ် ထိုက်သည့် ဈေး နှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။     

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ