
၂၄.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘီးလင်းမြို့နယ်အတွက် စက်သုံးဆီရောက်ရှိမှု အခြေအနေ၊ ရောင်းချနေမှုအခြေအနေတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချရာတွင် လီတာပြည့်/မပြည့် တို့ကို စစ်ဆေးခဲ့ပါသည်။ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်နှုန်းထားပမာဏပြည့်ဝစွာ ရောင်းချခြင်း ရှိ/မရှိ၊ ပုံးပေပါများနှင့် ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်း သွားရောက်စစ်ဆေးခဲ့ပါသည်။
DOCA (မွန်)
