တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (အတွင်းရေးမှူး) တိုင်းဒေသ ကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ် ရပ်ကွက်များရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များ၌ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချ ရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ အတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံ ကြပ်မတ်ကြည့်ရှုစစ်ဆေးခဲ့သည်။

         ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့          (အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ လက်ကား/ လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်စည်းကမ်း အတိုင်း ရောင်းချကြရန် ပြောကြားခဲ့သည်။

           တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ (၂၈၆) အုပ်စု၊ အိမ်ထောင်စုဦးရေ (၁၈၀၀၀၀) ခန့်အား လစဉ် စားအုန်းဆီ (၃၂၂၈) ပေပါ ကို လက်ကားကိုယ်စားလှယ် (၆) ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၃၀)ဆိုင်တို့ဖြင့် ပြည်သူများထံသို့  ဖြန့်ဖြူးပေးလျက်ရှိပြီး တောင်ငူမြို့နယ်အနေဖြင့် တစ်ရက်လျှင် (၃၉.၄) ပေပါနှုန်း၊ တစ်လလျှင် (၉၈၅)ပေပါ ခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ (၆၄)ခုတွင် အိမ်ထောင်စုတစ်စုလျှင် (၁.၅) ပိဿာနှုန်း၊ အိမ်ထောင်စုဦးရေ (၆၅၀၀၀)ခန့် နှင့် နိုင်ငံ့ဝန်ထမ်းများကိုပါ သတ်မှတ်ရည်ညွှန်းစျေး အတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)