“ အသင့်စားသောက်ကုန်များဖြစ်သော အချိုရည်နှင့် အသင့်စားမုန့် ရောင်းချနေသော City Mart Supermarket ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ City Mart Supermarket ဆိုင်အတွင်း ရောင်းချနေသော  အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ အခြေအနေအား မေလ(၂၆)ရက်နေ့၊ နံနက်(၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ City Mart Supermarket မှ ဆိုင် မန်နေဂျာနှင့်တွေ့ဆုံ၍ အသင့်စားသောက်ကုန်များဖြစ်သည့် အချိုရည်နှင့်အသင့်စားမုန့်များတွင် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့သည် မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း၊ အဓိကကျသော အခြားစားသောက်ကုန်များသည်လည်း ကုန် အညွှန်းအမှတ်အသားမပြည့်စုံပါက ဖြန့်ဖြူးရောင်းချမှုများ မပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်မန်နေဂျာအား မှာကြားခဲ့ပြီး City Mart Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)