
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍(၁၈-၅-၂၀၂၆)ရက်နေ့၊ နေ့လည် (၁;၀၀) အချိန်တွင် ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူအသိပညာပေး ခေါင်းစဉ်ဖြင့် (Talk Show ) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
အသိပညာပေး ဟောပြောရာတွင် ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးစုစံက လူငယ်အသိပညာပေးဟောပြောခြင်းနှင့်ပတ်သက်၍ စတင်မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးနိုင်ဝင်းသိန်း (ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၉)၊ ပုဒ်မ (၁၉) စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုအသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး စားသုံး သူအသိပညာပေးအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁) အရကုန်ညွှန်း အမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်သည့် အချက် (၈)ချက်အား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
