သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အခြေခံပညာအထက်တန်းကျောင်း ချောင်းကြီးတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတပြည့်ဝစေရန်နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ ဦးဆောင်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ချောင်းကြီး အထက်တန်းကျောင်း၌ (၇-၈-၂၀၂၅) နံနက်ပိုင်းက ကျင်းပခဲ့သည်။

      ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများ၏ အခွင့်အရေး ၈ ချက်၊ စားသုံးသူ များလိုက်နာရမည့် တာ၀န် ၀တ္တရား ၄ ချက် နှင့် စားသုံးသူများ အနေဖြင့် အခက်အခဲ ရင်ဆိုင်ရပါက တိုင်ကြား ဆက်သွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ က ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ဘ၀တွင် ရည်မှန်းချက် ရည်ရွယ်ချက်များ ကောင်းမွန်စွာ ထားရှိကြရန်၊ အသိပညာ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြစေရန် အသိပညာ များ ဖွံ့ဖြိုးတိုး တက်ရေး အတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု၍ အမှားအမှန်ကိုဝေဖန် ပိုင်ခြားတတ်သော လူငယ်လေးများ ဖြစ်လာစေရန် စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။

DOCA(ဧရာဝတီ)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

    ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၆) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင် သို့သွားရောက်၍စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်း လိုင်စင်ရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိမှဆေးဝါးနှင့် ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှညွှန်ကြားအမှတ်(/၂၀၂၁၉)ဖြင့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ၄င်းညွှန်ကြားချက် များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ဘေးထွက်ဆိုးကျိုး ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ငွေကြည်ဖြူကုန်စုံဆိုင်၌ အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် သြဂုတ်လ(၇)ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ငွေကြယ်ဖြူ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှု ရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်မျ အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်နှင့် အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး မစန္ဒာဌေးမုန့်ဆိုင် နှင့် ဒေါ်သန်းသန်းဆွေ                                   မုန့်ဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် သြဂုတ်လ(၈)ရက်နေ့တွင် ကူမဲမြို့ ၊ မြို့မစျေးရှိ မစန္ဒာဌေးမုန့်ဆိုင် နှင့် ဒေါ်သန်းသန်းဆွေမုန့်ဆိုင်တို့အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ တွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့် အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“မြစ်သားမြို့နယ်ရှိ သိန်းကျော်သောက်ရေသန့်နှင့်ရွှေနဂါးသောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြစ်သားမြို့နယ်၊ကူမဲမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၈) ရက်နေ့တွင် မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ သိန်းကျော်သောက်ရေသန့် နှင့် ရွှေနဂါးသောက်ရေသန့် ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များထုတ်လုပ် ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစား အလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ပုလဲရွှေအိုး ငှက်ပျောခြောက်ကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည်သြဂုတ်လ(၆)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၅)ရှိ ပုလဲရွှေအိုးငှက်ပျောခြောက် ကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ကိုအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ပုလဲရွှေအိုး ငှက်ပျောခြောက်ကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသို သိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။     

     DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေဝင်းဝါ အာလူးကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် သြဂုတ်လ(၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၅)ရှိ ရွှေဝင်းဝါ အာလူးကြော် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကိုနှင့်ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ရွှေဝင်းဝါအာလူးကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက် များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။   

 DOCA (မန္တလေး)

                                                             

 

 

ပန်းတနော် မြို့နယ်တွင် ကုန်စည် ၁၀မျိုးနှင့် စပ်လျဉ်ူ၍ ကွင်းဆင်းစစ်ဆေးခြင်း

    မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ၈-၈-၂၀၂၅ နေ့နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ရှိသူများပူးပေါင်း၍ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စည် ၁၀မျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်၍ စစ်ဆေးပြီး ကုန်အညွှန်မပါသော ကုန်စည်များကို ရောင်းချပါက တားမြစ်ချက် ကုန်စည်ကို ရောင်းခခြင်းကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကို ဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူဆေးဆိုင်များအား လိုင်စင် ရှိမရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်း ရှိမရှိစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးများတွင် ကုန်အညွှန်အမှတ်အသား ဖော်ပြမှု ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို (၁၁-၈-၂၀၂၅) နံနက်(၁၀)နာရီအချိန်က ဓနုဖြူ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များဖြစ်သော မိဘမေတ္တာ၊ ကုမုဒြာ၊ ချမ်းမြေ့၊ ဂွမ်းလေး၊ အောင်မြင်သူစသော ဆေးဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ် ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးဝါး ပါကင်ဗူးများတွင် ကုန်အညွှန်ဖော်ပြခြင်းနှင့် စပ်လျယ်း၍ စစ်ဆေးခဲကြသည်။ ဆေးဆိုင်ရောင်းချသူများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိခြင်း မရှိစေၕန် မှာကြားခြင်း များကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုးက မှာကြားခဲ့ပြီး လိုက်နာဆောင်ရါက်ခြင်း မရျိကြောင်း တွေ့ရှိရပါက အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့သည်။

   အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရိုင် ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မှီ မအူပင် AKT သောက်သန့်များအား လုပ်ငန်းခွင်အရောက် ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခြင်းကို ၈-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက AKT သောက်ရေသန့်စက်ရုံအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     အဆိုပါ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဈေးကွက်မရောက်မှီ ထုတ်လုပ်သော ရေသန့်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုကို စစ်ဆေးခြင်း၊ ရေသန့်ဖြန့်ဖြူးမှု အခြေအနေများကို စစ်ဆေးခြင်း၊ ရေသန့်ဗူးများထားရှိသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များမှာ သတ်မှတ်ထားသော အရည်အသွေးပြည့်ခြင်း ရှိ/ ရေသန့်စက်ထားရှိသောအခန်းများ၊ ရေသန့်ဗူးများ ဆေးကြောသည့်နေရာနှင့် ရေစစ်သည့်နေရာများ၊ ရေထုတ်ယူ သုံးစွဲသည့် ရေအရင်းအမြစ်နေရာများ၊ ရေသန့်ထည့်၍ ထုပ်ပိုးပြီးသော မရှိနှင့် သောက်သုံးရေသန့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်လက်မှတ် ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပဲ ရောင်းချခြင်း တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဌာန်းထားသော ဥပဒေအရ ကိုက်ညီပါက အရေးယူခံမည် ဖြစ်ကြောင်း ကို စက်ရုံတာဝန်ရှိသူအား ပြေကြားခဲ့ကြောင်း  သိရသည်။

      အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊  ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ