သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောက်ဥက္ကလာပမြို့နယ်ရှိ “ဆေးကုမ္မဏီ/ဆေးဂိုဒေါင်များအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင် ရာဌာနများမှထောက်ခံချက်မပါသော ဆေးဝါးများရောင်းချမှုမရှိစေရေး မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးကုမ္မဏီ၊ ဆေးဂိုဒေါင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပါဝင်မှု ရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မုံရွာခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးသည် ( ၁၁.၃.၂၀၂၆ ) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီက မုံရွာခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အဖြစ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးမှ မိတ်ဆက် စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ၊ မုံရွာခရိုင်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဦးစား ပေးဈေးကွက်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ()ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် အခြေ အနေများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား ၄၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊တက်ရောက်လာကြသည့်အရာထမ်း၊အမှုထမ်းများကသိလိုသည်များမေးမြန်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများအနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁၃.၃.၂၀၂၆ ရက် နံနက် ၁၁:၀၀နာရီအချိန်တွင် စားသုံသူရေးရာ ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေး Talk Show တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူရေးရာ ဦးစီးဌာန(DOCA)ကဦးဆောင်၍ နှစ်စဉ် မတ်လ ၁၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ ဟောပြောပွဲများနှင့် အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်းတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင် ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဆိုသည့်အတိုင်း ထုတ်ကုန်ဘေးကင်းလုံခြုံမှု၏အရေးပါပုံနှင့် ဘေးကင်းလုံခြုံမှုမရှိခြင်း၏ ဆိုးကျိုးများနှင့် စားသုံးသူများ၏ အခွင့်အရေးများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                  

မုံရွာမြို့ပေါ်ရှိ Bo Bo မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် မတ်လ၁၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မုံရွာမြို့၊ ကွေးကြီးရပ်ကွက်ရှိ Bo Bo မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁၊(ခ)နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေး ထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ် စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ အသိပညာပေးဆွေးနွေး ပြေားကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

“Online Sale လျောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်”

                         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် မတ်လ(၆)ရက်နေ့၌ Onlineမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ကျောက္ကာလမ်းရှိ  ဝါးတောမ( စတိုး)ဆိုင် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်အား ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများ ဖြစ်သော ပိုင်ရှင်၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်း ကြောင်း ရဲစခန်းထောက်ခံစာများအားမြေပြင်တွင်တိုက်ဆိုင်စစ်ဆေးခဲ့ပြီးလုပ်ငန်းရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃) ဖြင့်မည်သူမဆိုOnline စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထား ရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို ထုတ်ပြန်ခဲ့ ပြီးဖြစ်ကြောင်းစသည့်ဖြင့် Online မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

 

ကလေးခရိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အကြို ပန်းဖလက်/လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

               အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ ( Consumer International-CI )က သတ်မှတ်ထားသော ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပလျက် ရှိပါသည်။ ကလေးခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ( ၁၂.၃.၂၀၂၆ ) ရက်နေ့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  စားသုံးသူရေးရာဦးစီးဌာ၏ ကုန်စည်/ဝန်ဆောင်မှု၊ Call Center သို့တိုင်ကြားနိုင်သည့် အချက်အလက်များပါဝင်သည့်  လက်ကမ်းစာစောင်များကို လေယာဉ် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများသို့ ဖြန့်ဝေခဲ့ပါသည်။

          ထိုသို့ဖြန့်ဝေရခြင်းမှာ ( ၁၅. ၃. ၂၀၂၆ ) ရက်နေ့တွင် မကြာမီကျရောက်တော့မည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ဖြစ်သည့် (World Consumer Right Day )အထိမ်းအမှတ်အခမ်းအနား ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၆ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် “ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ( Safe Products, Confident Consumer ) ဆောင်ပုဒ်နှင့်အညီ ရုံးချုပ်(နေပြည်တော်)ရှိ ဌာနခွဲများ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ပွဲများ၊ ကာတွန်း ပြိုင်ပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ၊ ကျဗန်းစကားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို နှစ်စဉ်စီးပွား ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှကျင်းပပြုလုပ်လျက်ရှိပြီးအချို့မြို့နယ်များတွင်လည်းTalk Show၊ ဟောပြောပွဲများ အသီးသီးပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံ တွင် ၂၀၁၆ခုနှစ်မှ  ယခု ၂၀၂၆ခုနှစ်ထိ ( ၁၀ )တာကာလအတွင်း ယခင်နှစ်များနှင့်မတူ တမူထူးခြား၍ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

         

စစ်ကိုင်းခရိုင်အတွင်း စားအုန်းဆီကားရောက်ရှိမှုအပေါ် ကွင်းဆင်းစစ်ဆေး

                   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုတို့ဖြင့် စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည် ၂၀၂၆ခုနှစ်၊ မတ်လ ၉ ရက်နေ့ နေ့လည်(၁၅)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မန်ကျီးစဉ်ရပ်ရှိ “မြနှင်းဆီ”ဆီကိုယ်စားလှယ်တစ်ဦး၊  ချင်းစုရပ်ရှိ “မေတ္တာရှင်” ဆီကိုယ်စားလှယ် တစ်ဦး၊ မတ်လ ၁၀ ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ဈေးကုန်းရပ်ရှိ “သစ္စာရှင်” ဆီကိုယ်စားလှယ်တစ်ဦးတို့သည် ရန်ကုန်မြို့ရှိ Kaung Hlyan New Asia Co;Ltd စားအုန်းဆီကုမ္ပဏီမှ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွက် ခွဲတမ်းရ စားအုန်းဆီစုစုပေါင်း (၂၈၈)ပေပါ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ကိုင်းခရိုင်အတွင်းရှိ ဆီကိုယ်စားလှယ်များက ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူ၊ ပို့ဆောင်ခ၊ ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကား ဆိုင်များ မှ စက်မှုလုပ်ငန်းသုံးအတွက် ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၂.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက် မွတ္တားဆေးဆိုင်ရှိ အာဟာရဖြည့်စွက်စာ အမျိုးမျိုး တွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ ရောင်းချသော အာစာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊  ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဌနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

 

ရွှေဘိုမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဈေးကလေးရပ်ရှိ အောင်ကမ္ဘာ ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

             ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အောင်ကမ္ဘာကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  Online Sale မှတ်ပုံတင်ခြင်း အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)သည်(၉.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးရုံစည်ပင်ရုံး၌ ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဟောပြောရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က ၂၀၁၉ခုနှစ်၊ စား သုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် CICC ရုံးခန်း များဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်းသိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ