သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြတ်မင်္ဂလာစက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ  တိုက်ကြီး မြို့နယ်ခွဲ တာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် ဂျိုးဖြူစံပြကျေးရွာ၊ ပြည်လမ်းရှိ မြတ်မင်္ဂလာ စက်သုံးဆီ အရောင်းဆိုင် သို့ (၁၂.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြတ်မင်္ဂလာစက်သုံးဆီဆိုင်သည် သတ်မှတ်ထားသော ရည်ညွှန်းဈေးများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ LED ဈေးနှုန်းဘုတ်များတပ်ထားခြင်း ရှိ/မရှိ၊ ချိန်တွယ်ရာတွင်လည်း လီတာများ ပြည့်ဝမှုရှိ/မရှိနှင့် ဆီပြတ်လပ်မှုများရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ LED ဘုတ်များလည်း နေ့စဉ်တင်ထား ပါကြောင်း၊ လီတာများကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း၊ စက်သုံးဆီများလည်း ပြတ်လပ်မှုမရှိပါကြောင်းနှင့် ဆီဘောက်ဆာ အဝင်များကိုလည်း သက်ဆိုင်ရာဌာနများသို့ စာရင်းပေးပို့လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဓါတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်

   (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆေးမျိုးစေ့နှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့များသည် အဖျောက်မြို့နယ်အတွင်းရှိ  ရွှေသဇင်၊ ရွှေ၊ ရွှေနဂါး စိုက်ပျိုးရေး ဆေးမျိုးစေ့နှင့် ဓါတ်မြေဩဇာအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အောင်နိုင်တိုးစပါးမျိုးသစ်စိုက်ပျိုးပြီးချိန်ကာလ ကွင်းသရုပ်ပြပွဲကျင်းပ

      (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အုပ်ပုံ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၄၁)၊ အုပ်ပုံကွင်း၊ ဦးပိုင်အမှတ်(၈၁)ရှိ တောင်သူ ဦးမောင်မောင်ညွန့်၏ လယ်မြေ(၅)ဧကပေါ်တွင် အောင်နိုင်တိုးစပါးမျိုးသစ်စိုက်ပျိုးပြီး အချိန်ကာလ ကွင်းသရုပ်ပြပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုး ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၁၀၀)တက်ရောက် ခဲ့ပါသည်။

     အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်း လုပ်ငန်းကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ တောင်သူများအား အောင်နိုင်တိုး စပါးမျိုးသစ် နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများမှ သိလိုသည်များအား ရှင်းလင်းဆွေးနွေးကာ ကွင်းသရုပ်ပြပွဲတွင် ပြသထားသည်များကို လှည့်လည်ကြည့်ရှု ဆောင်ရွက်ပြီး အခမ်းအနားကို (၉:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်း များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ်အတွင်းရှိ ကောင်းသန့်ဆန်ဆိုင် နှင့် မမြင့်ဆန်ဆိုင် တို့အား (၁၀:၃၀) အချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

တောင်ဥက္ကလာပမြို့နယ်၊ အထက(၂)ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

      (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)နှင့်(၃)ဦးတို့သည်  တောင်ဥက္ကလာပ မြို့နယ်ရှိ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ လျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်တို့တွင် ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းအား ဆရာမများ ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော် လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ် စေ ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ် ဖြစ်စေမည့် စားသောက်ကုန်များအား ရောင်းချ ခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တောင်ဥက္ကလာပမြို့နယ်၊ အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်း

      (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)နှင့်(၃)ဦးတို့သည် တောင်ဥက္ကလာပ မြို့နယ် အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမ ( ၁၀)ဦး၊ ကျောင်း သား/ကျောင်းသူ(၁၈၀)ဦးတို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေစီမှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)က ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

သာကေတမြို့နယ်၊ ဧရာဝဏ်စီးတီးမတ်အတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊ ဧရာဝဏ်စီးတီးမတ်အတွင်းရှိ ငရုပ်ဆီ အမျိုးမျိုးအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင် မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်း ရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဈေးအတွင်းရှိ ရောင်းချနေသော ငရုပ် ဆီအမျိုးမျိုးအား          ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပ မာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာ သာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ပြည့်စုံ စွာဖော်ပြထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်များ အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အ မှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက် နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဈေးအတွင်းရှိ ရောင်းချနေသော ငရုပ်ဆီအမျိုးမျိုးအား ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာ ဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

 

သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ဒေါ်နန်းသီ တာထွန်းကုန်စုံဆိုင်အတွင်းရှိ ကုန်စည်များတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁) ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ  ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ