သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၀)ဦးအား အသိပညာ‌ပေး‌ဟောပြောခြင်း

     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)သည် ၁၉.၁.၂၀၂၆ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စားသုံးသူပြည်သူ(၁၀ )ဦးအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ၊ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန် (၄)ချက်၊ ကုန်စည် / ဝန်‌ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး‌များ၊ Online Shopping များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များ ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့်ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြော ခဲ့ပါသည်။

DOCA(ကချင်)

ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးရောင်းချသည့် စတိုးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် 9..၂၀၂6 ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် ရှိ ဝင်းဝင်းလက် (Baby Store) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ KODOMO အမှတ်တံဆိပ်ပါ မျက်နှာနှင့်ခန္ဓာကိုယ် အစိုဓာတ် ဖြည့်ခရင်မ် သည် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အ ညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မုံရွာမြို့ရှိ “ရွှေကိန္နရီ” အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၇.၁.၂၀၂၆) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ “ရွှေကိန္ဒရီအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

                  ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)  

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပခြင်း

     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို စာသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၁/၂၀၂၆)အစည်းအဝေး၌ ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ(၄/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထား ရှိမှုအခြေအနေနှင့် အမှာစာများတင်ပြခြင်း၊  လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများဖြင့် ဆွေးနွေး တင်ပြခဲ့သည်။

   အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ် ကာ အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

DONUTS KING ကိတ်မုန့်နှင့်ပေါင်မုန့်အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍   တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ DONUTS KING မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့စစ်ဆေးရာတွင် DONUTS KINGတံဆိပ်ကိတ်မုန့်နှင့်ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

အသင့်စားစားသောက်ကုန်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားစားသေက်ကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖော်ပြခြင်းရှိ/ မရှိတို့တို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့၊ မြို့မဈေးရှိ ကုန်စုံရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်ကျင်းပ

        ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ကျော်ထွေး (ဦးစီးအရာရှိ) ဦးဆောင်သောအဖွဲ့သည်(၁၃.၁.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံရောင်းဝယ်မှုပြုလုပ်သော စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများ  အသိပညာပေး ဆွေး‌နွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဦးတင်ဌေး(ရုံးအုပ်)က အဖွင့်အမှာစကားပြောကြားပြီး ဒေါ်ထူးအိန္ဒြာဗိုလ် (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက Online Sale မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးအောင်ကျော်ထွေး (ဦးစီးအရာရှိ)က   ကုန်စည်/ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လစဉ်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

        ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လစဉ်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲအခမ်းအနားကို inperson အရာထမ်း ၄ ဦး၊ အမှုထမ်း၁၈ဦး၊ လုပ်အားပေး ၅ဦး၊ online အနေဖြင့် ဒုတိယပြည်နယ်ရုံးများ၊ ဒေသဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများ တက်ရောက်ခြင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး စတင်ခဲ့ပါသည်။ ဒုတိယပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဌာနခွဲများအလိုက် ဆန္ဒဖော်ထုတ်ပြီး ပြည်နယ်ဦးစီးမှူးမှ လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ချပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒေါ်နန်းသီတာအောင် (အကြီတန်းစာရေး) မှ “ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ အစည်းအဝေးကို ဆွေးနွေးဆုံးဖြတ်ချက်များနှင့် အတူ လစဉ်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နေနေ့လယ်(၁၅:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးတွင်   မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online - MyRo )တွင်မှတ်ပုံတင်ခြင်းဆောင်ရွက်ပေး

              စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online- MyRo) တွင်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၆၆)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်(၄၅)လုံးနှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်(၁၃)လုံး၊ စုစုပေါင်း ရှမ်းပြည်နယ်တွင် မှတ်ပုံတင်ထားရှိသည့် အလုံးရေ(၁၂၄) လုံးမှတ်ပုံတင်ထားရှိပြီး ယခု(၁၅-၁-၂၀၂၆)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊အေးသာယာမြို့၊ ရပ်ကွက်(၄)မှ လာရောက်လျှောက်ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလွင်ကိုအောင်(ဌာနခွဲစာရေး)မှ သိုလှောင်ရုံလျှောက်ထားခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်များ ဆောင်ရွက်ပေးခြင်းနှင့် MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြသ၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်၌ အလှကုန်ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၄.၁.၂၀၂၆) ရက်နေ့တွင် ဇီးကုန်းမြို့နယ် မြို့မှဈေးအတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များအား စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ၁၀ ဂရမ် အောက် အလှကုန်ပစ္စည်းများကို အလေးချိန်မှန်ကန်မှုနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ