သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်တံခါးမြို့နယ်၊ ခတ်ချိုကွင်းကျေးရွာ၊ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ခတ်ချိုကွင်းကျေးရွာရှိ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

         ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အတူ ခတ်ချိုကွင်းကျေးရွာ၊ အ.လ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၅ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၄၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့ ပျဉ်းမမြိုင်ရပ်ကွက် ကုန်မျိုးစုံဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့နံနက်(၀၈း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် အတွင်းရှိဦးဝင်းညွန့်ကုန်မျိုးစုံဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ ကျွန်းလှမြို့မ စခန်းမှဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ နှင့် စားသုံးသူရေးရာဦးစီး ဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

               ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့်ဦးဝင်းညွန့်ကုန်မျိုးစုံဆိုင်တွင် ရောင်းချ နေသော သွားတိုက်ဆေးဘူးများပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြ ထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား မိတ်ဖက် ဌာနများ နှင့်ပူးပေါင်းကာ လစဉ် လျာထားချက်များ သတ်မှတ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အသင့် သောက် လက်ဖက်ရည်ထုပ်များပေါ်တွင် မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန် များကို သိရှိနားလည်ထားရန်လိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ် အသားများအကြောင်းအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များ အနေဖြင့်  ထုန်ကုန် လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊သက်ဆိုင်ရာဌာန၏ထောက်ခံချက်ပါရှိသောကုန်ပစ္စည်းများကိုသာရောင်းချရန်အသိပညာပေးခဲ့ပြီးဌာန၏ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၄.၁.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ် (စတိုး)ဆိုင်တွင် ရောင်းချသည့် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ရောင်းချသည့် စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေး လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ()()()သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်း အမျိုးမျိုး (၁၀ ဂရမ်နှင့်  အောက်) တို့အား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အဖွဲ့တို့သည်  ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ စင်ကာပူNestle ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊တိမွေးကုဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၁၆.၁.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ စတိုးဆိုင်များ၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော  ကလေးဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာဌာနများ၏ အထောက်အထားရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့်ပဲခူးမြို့ပေါ်ရှိ ကလေးဖြည့်စွက်စာ ၅မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသောကုန်စည်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသောကုန်ပစ္စည်းများ၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်းမပြုစေရန်နှင့် စားသောက်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၅..၂၀၂၆)ရက်နေ့၊ နံနက်(:၃၀)နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာ၊ အမှတ်(၃၄)၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲများ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။            

          ဆက်လက်၍  ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ အ.မ.က (၇၃)  အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ မပါသောမုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာရောင်းချမှုပြုရန် စသည့်အကြောင်းအရာများကို   ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။         

 DOCA (ပြည်ထောင်စုနယ်မြေ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စားသုံးဆီထုတ်ယူဖြန့်ဖြူးကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ဆီထုတ်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပဆောင်ရွက်

                         ၅.၁.၂၀၂၆ မွန်းလွဲ(၁)နာရီ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံး စားသုံးဆီထုတ်ယူဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီအဖွဲ့၊ဆီထုတ်ကိုယ်စားလှယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူကြီးကြပ်‌ရေးကော်မတီနှင့် အဖွဲ့ဝင်(၇)ဦး၊ Inperson ဖြင့် တက် ရောက်သူ (၅၁)ဦး၊ Online ဖြင့် တက်ရောက်သူ (၁၇)ဦး စုစုပေါင်း( ၇၅ ) တက်ရောက်ခဲ့ ကြပါသည်။

                   အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စားသုံးဆီထုတ်ယူဖြန့်ဖြူးရောင်းချသော ကိုယ်စားလှယ်များ အနေဖြင့် အမှန်တကယ် ဖြန့်ဖြူးခြင်း၊ လုပ်ငန်းလိုအပ်ချက်အပေါ် လျှောက်လာသော လုပ်ငန်းရှင် များမှလည်း  စက်မှုကြီး ကြပ်ထောက်ခံချက်၊ အသေးစား၏ထောက်ခံချက်၊ စည်ပင်ခွန် စသည့် အထောက်အထားများပါဝင်ပြည့်စုံစွာ လျှောက်ထားသူများအား ဦးစားပေးဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြေပြင်တွင် ရောင်းချနေသော အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များကိုလည်း ဖြန့်ဖြူးရောင်းချပေးစေလိုကြောင်း၊ ၎င်းတို့မှ လျှောက်လာပါက နယ်မြေ အခြေအနေရ အနည်းဆုံးရပ်ကွက်လူကြီး၏ ထောက်ခံစာကို ယူ၍ လာရောက်လျှောက်ထားပါက အစဥ်ပြေအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းလို အပ်ချက်အရ လျှောက်ထားရာတွင် အမှန်လိုအပ်ပြီး  လောဘမရှိစေရန် စည်းကမ်းစနစ်ကျစွာ မှတ်တမ်းများ ရေးသွင်း၍ ကော်မတီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တက်ရောက်လာသော ကိုယ်စားလှယ်များမှလည်း ပွင့်လင်းမြင်သာစွာ အကြံပြု ဆွေးနွေး တင်ပြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

             ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များမှလည်း ဆီထုတ်ယူရောင်းချဖြန့်ဖြူးခြင်းအတွက် လိုအပ်သော အချက်အလက်အထောက်အထားများကို အမှန်ကန်ပြည့်စုံအောင် စိစစ် သွားမည်ဖြစ်ကြောင်းနှင့် Inperson / Online တက်ရောက်သူ ကိုယ်စားလှယ်များ၏ တင်ပြရှင်းလင်းချက်၊ ဆွေးနွေးအကြံပြုချက်များဖြင့် ရှေ့ဆက်လက်ကောင်းမွန်အောင် စက်မှုလုပ်ငန်းသုံးဆီလျှောက်ထားထုတ်ယူရောင်းချဖြန့်ဖြူးမှုများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်မှ Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၃၁.၁၂.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ Soe Kyi Phyu Online Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးတွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင်စစ်ဆေးတွေ့ရှိချက်များ ကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Online Saleမှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ ဒုတိယ ဦးစီးမှူးနှင့်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ ဇနဝါရီလ () ရက်နေ့၊ နံနက် (:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတိုက်စိုး အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၁၅၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာရောင်းချပေးရန်၊ မိမိတို့ ခွဲတမ်း ရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ရှိ ချိုတူးပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်က မြင်းခြံမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ ချိုတူး ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲနိုင်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုကို အထူးအလေးထားဆောင်ရွက်နိုင်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့်အချက်များအား ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်စေရေးတို့ကို အသိပညာပေးဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ