
၁၀.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဦးစားပေး ကုန်စည်ဖြစ်သည့် စည်သွပ်အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော စည်သွပ်အစားအစာအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲများ ဖော်ပြထားခြင်းရှိ/မရှိ၊ FDA အသိအမှတ်ပြုအမှတ်အသားပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ကုန်ပစ္စည်းများ မရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
