HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အောင်ဆန်းလမ်းမကြီးရှိ ထ.ခွဲ.လ (၁) နေရှင်နယ်ကျောင်းမုန့် ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ အောင်ဆန်းလမ်းမကြီးရှိ ထ.ခွဲ.လ (၁) နေရှင်နယ်ကျောင်းမုန့်ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့် ပတ်သတ်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောတားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံး ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသားကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီးဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက် များသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဝနှစ်လုံး မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

              ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်သည် (၁၉..၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ ဝနှစ်လုံးမုန့်လုပ်ငန်းပိုင်ရှင် နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးရည်ရွယ်ချက်ဖြင့် ဝနှစ်လုံးမုန့်လုပ်ငန်းပိုင်ရှင်အားကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှု အခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆပ်မှုရှိစေရေး အဓိကထား ဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ မိမိတို့ဌာနမှထုတ်ပြန်ထားသော ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဠ်ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၈..၂၀၂)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိမရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင်ဦးစီးမှူးဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဠ်ဦးတို့မှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန် ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ ဆန်စက်များအား ဆန်စပါးလက်ကျန်စာရင်းနှင့် MyRo တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိဆန်စက်များသို့ (၈.၆.၂၀၂)ရက်နေ့၊ နေ့လယ် (:၃၀)  နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။   

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား အချိန်မီ Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  ဝါးခယ်မြို့နယ်၊  ရွာသစ်ရပ်ကွက် ရှိ ဝါဝါဝင်း ရေသန့်စက်ရုံအား ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်၊အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၄း၀၀)နာရီအချိန်တွင်  ဝါးခယ်မမြို့နယ်၊  ရွာသစ်ရပ်ကွက်ရှိဝါဝါဝင်းရေသန့်စက်ရုံတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါဝါဝင်းရေသန့်စက်ရုံ၏ သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ပိုင်ရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာ၊ ကျုံစိန်မူလွန်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁..၂၀၂)ရက်နေ့ နံနက်(၁၀၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ကဝဲချောင်းကျေးရွာ၊ ကျုံစိန်မူလွန်ကျောင်းတွင် ဆရာဆရာမ၊ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့ စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင်ဆန်စက် လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြရန်၊ မြန်မာ့ဆန်စပါး  (MYRO)တွင် ဆန်စပါး သိုလှောင်ရုံများ Online မှ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ခြင်း  ဆောင်ရွက်ကြရန် သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ခြင်းတို့ကို အသိညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ အားစျေးနှုန်း မှန်ကန်စွာ ရောင်းချနေမှုရှိ/ မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက (၁၇-၆-၂၀၂၆) ရက်နေ့နံနက်ပိုင်းတွင် မြို့မဈေးအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

       ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့မှဦးဆောင်၍ ပန်းတနော်မြို့၊ မြို့မဈေးကြီးအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥစသည့်အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ကုန်ဈေးနှုန်းမြင့် တက်ရောင်းချမှုမရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပေါ်ဆန်းရင် အသစ် ၁အိတ် ၁၆၀၀၀၀ကျပ်၊ ဆင်းသုခအသစ် ၁အိတ် ၈၅၀၀၀ ကျပ်၊ ရက်၉၀ အသစ် ၉၀၀၀၀ကျပ်၊ ဒေသငရုတ်ရှည် ၁ပိဿာ ၂၅၀၀၀ကျပ်၊ ငရုတ်ပွ ၄၀၀၀၀ကျပ်၊ ကြက်သွန်နီ ၁ပိဿာ ၃၅၀၀ကျပ်၊ ကြက်ဖြူကြူကုတ် ၁ပိဿာ ၂၀၀၀၀ကျပ်၊ ကြက်ဖြူ ရှမ်း ၁ပိဿာ ၁၂၀၀၀ကျပ်၊ အာလူးလတ် ၁ပိဿာ ၄၀၀၀ကျပ်၊ အိုင်အိုဒင်းဆား ၁ပိဿာ ၂၀၀၀ကျပ်၊ ဘဲဥ ၅၅၀ကျပ်၊ ကြက်ဥ ၅၀၀ကျပ် ဖြစ်ပေါ်နေပြီး ယခင်အပတ်ဈေးဖြင့်နှိုင်းယှည်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Talk Show အသိပညာပေးဆွေးနွေး

        မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၆ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ဓနုဖြူမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

     အသိပညာပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကျောင်းမုန့်ဈေးတန်း ရောင်းချသောလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူမိဘပြည်သူများနစ်နာ ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ‌ အသိပညာ‌ပေး Talk Show ဆောင်ရွက်ခဲ့ရာ ဦးခိုင်လွမ်းမိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ဖော်ပြထားပြီး ကုန်စည်များတွင် တံဆိပ်အမှတ်အသား၊ ကုန်စည်အချက်အလက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို ရှင်းလင်းစွာဖော်ပြရမည်ဖြစ်သည်။ ထို့ပြင် ကုန်စည်၏ ပါဝင်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များနှင့် ထုတ်လုပ်သူ (သို့မဟုတ်) တင်သွင်းသူ၏ အချက်အလက်များကိုလည်း ဖော်ပြထားရမည် ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်များသည် စားသုံးသူများ၏ သိပိုင်ခွင့်ကို ကာကွယ်ပေးပြီး ကုန်စည်ရွေးချယ်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်စေရန် အထောက်အကူပြုနိုင် ကြောင်း ထို့အပြင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာများ တွဲဖက်၍ဖြစ်စေ ဖော်ပြရမည်ဟု သတ်မှတ်ထားကြောင်း၊ ကျောင်းမုန့်ဈေးတန်း များတွင် အစားအသောက်များ၏ သန့်ရှင်းလုံခြုံမှု၊ သက်တမ်းကုန်ဆုံးရက်နှင့် ကုန်အညွှန်းအမှတ်အသားများကို အဓိကထား စစ်ဆေးရန်လိုအပ်ကြောင်း၊ စစ်ဆေးမှုအရ အများစုမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသော်လည်း အချို့သော ကုန်ပစ္စည်းများတွင် အချက်အလက်ဖော်ပြမှု အားနည်းချက်များတွေ့ရှိပြီး ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် စားသုံးရန်သင့်လျော်သော အစားအသောက်များကိုသာ ရောင်းချနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ရောင်းချသူများအား စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ ကျောင်းပတ်ဝန်းကျင်ရှိ အစားအသောက် ဘေးကင်းလုံခြုံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် လစဉ်ပြုလုပ်သော Talk Show အသိပညာပေးခြင်းလုပ်ငန်းတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        (၁၈.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား အထက်ဌာန၏ လမ်းညွှန်ချက်အရ မြိုနယ်အထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်းပြီး  ဈေးကွက်စောင့်ကြည့် စစ်ဆေးကြောင်း သိရသည်။ 

       ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသောကုန်စည်များအားသတ်မှတ်ရောင်းဈေးထက်ပိုမိုရောင်းချမှုရှိ/မရှိ၊ ပစ္စည်းပြတ် လပ်မှု ရှိ/ မရှိ၊ အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်းရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆိုင်အတွင်းကျန်ရှိသော ဓါတ်မြေဩဇာများကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်မှု ရှိ/ မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက်ပါသော အမှတ်များကို စစ်ဆေးခြင်း၊ တာရားမဝင်ကုန်စည်များ ရောနှောရောင်းချမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လက်ရှိရောင်းချနေသော ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News