HighLight News

Powered by Drupal

ဓာတ်မြေသြဇာရောင်းချသော ဆိုင်များအား သတ်မှတ်ရောင်းစျေး ထက်ပိုမိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေသြဇာရောင်းချသော ဆိုင်များအား သတ်မှတ်ရောင်းစျေးထက် ပိုမိုရောင်းချမှုရှိ/မရှိ၊ အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး​မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၇.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အခါအားလျော်စွာ အထက်ဌာနမှ လမ်းညွှန်ချက်များအရ မြို့နယ်အတွင်း ဓာတ်မြေဩဇာ အရောင်းဆိုင်များမှ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု ရှိ/မရှိကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပြန်လည်အစီရင်ခံဆောင်ရွက်ခဲ့ပြီး မအူပင်မြို့နယ်အတွင်း စိုက်ပျိုးရေးသုံး အရောင်းဆိုင်များမှ သတ်မှတ်ချက်များနှင့် အညီ ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ တရားဝင်ကုန်စည်နှင့် ကုန်အညွှန်အမှတ်အသားဆိုင်ရာဖော်ပြချက်များ ပြည်စုံစွာပါဝင်သော ကုန်စည်ကိုရောင်းချနေကြောင်း၊  ဆိုင်များမှလည်း ရောင်းချကောင်းမွန်လျက်ရှိကြောင်းကို  စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က-၂ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာနသည် ပညာသင်နှစ် ကာလများတွင် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွှန်စေရန် ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ ဝယ်ယူအသုံးပြုနိုင်ရန် အတွက် မုန့်ဈေးတန်းဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပညာရေးဦးစီးဌာန ကျောင်းများရှိ မုန့်ဈေးတန်းအား ‌ဈေးကွက်စောင့်ကြည်ခြင်းလုပ်ငန်းကို လျာထားချက် ချမှတ်ဆောင်ရွက်၍ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

       မအူပင်ခရိုင် မအူပင်မြို့နယ် အ.ထ.က ၂ ကျောင်းမုန့်စျေးတန်းအား ကျောင်းမုန့်စျေးတန်း ကော်မတီများ စားသုံးသူပြည်သူ့ကျန်းမာဦးစီးဌာန၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိမှ ဒေသတွင်း ထုတ်ကုန်များဖြစ်ပါက ကုန်အညွှန်းအမှတ် အသားနှင့် ပြည့်စုံစွာပါရှိစေရန်၊ ပြည်တွင်းထုတ်ကုန်မုန့်များဖြစ်ပါက ထုပ်ပိုးမုန့်များတွင် သုံးစွဲရန် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား (သက်တမ်းကုန်ဆုံးရက်) ပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ မုန့်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မုန့်များအား ဖုန်လုံ/အင်းဆက်လုံစွာ ဖုံးအုပ်ရောင်းချခြင်းနှင့် ချက်ပြုတ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ FDA ဌာနမှ တားမြစ်ထားသော မုန့်များကို ရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော ကျောင်းမုန့်ဈေးတန်း တစ်ခုဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မုန့်ဈေးတန်းတာဝန်ရှိသူများကို မှာကြားခဲ့ပြီး လစဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုမရှိသော မုန့်ဈေးရောင်းချသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို မှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၁၅-၆-၂၀၂၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ( ၉၀ ) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
        ထိုအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့်ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသိန်းမောင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြမထားသော အစားအသောက်များ ဝယ်ယူမစားသုံးရေးနှင့် စားသုံးသူနစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ခံဦးကျော်လွင်ထွန်းက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။ဆက်လက်၍ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပြန်ဆက်ရုံးတွင်Talk Show ပြောကြားခြင်း

        ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ် ရေးအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် Talk Showအစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် စားသုံးသူတို့အား ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်ကြရန် မှာကြားဆွေးနွေးခဲ့ပါသည်။ ထိုနောက် စားသုံးသူများအနေဖြင့် Online Shopမှ ဝယ်ယူ သုံးစွဲရာတွင်လည်း မိမိတို့ဝယ်ယူမည့်ကုန်စည်ကိုလေ့လာပြီး ယုံကြည်စိတ်ချရမှုရှိသည့် Online Shopများမှ ရွေးချယ်ဝယ်ယူကြရန်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်လိပ်စာတို့ကို တိကျစွာဖော်ပြထားသော Online Shopမှ သာဝယ်ယူကြရန်တို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် စားသုံးသူများစိတ်ကျေနပ်မှုမရှိပါက Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ စပါးတင်ပို့မှုအခြေအနေအား ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဆန်စပါးအား အဓိကထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်/စပါး တင်ပိုရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၊ ညနေ ‌(၁၅:၃၀)နာရီအချိန်တွင် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ ရန်ကုန်တိုင်းသီလဝါသို့ တင်ပို့မည့် စပါးတင်ထားသော ရေယာဉ်(၁)စီးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီ၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင် အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ သီလဝါသို့ ကုန်တင်ကားဖြင့် စပါးတန်ချိန် (၆၅) တန် တင်ဆောင်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် စပါးများသယ်ဆောင်ရာတွင် ကန့်သတ်ကုန် ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေးနှင့် တရာဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၁)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ၂၀၂၆နှစ်၊ ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ရောင်းချသည့် အမှတ်တံဆိပ်ပါ (ခင်မမ)ပဲကြော်စုံ၊ လက်ဖက်၊ ရွှေအိ(အသင့်စားရှမ်းခေါက်ဆွဲ၊ တိုးဟူးနွေးခေါက်ဆွဲ)၊ အောင်ရတီ(ဆီသန့်အာလူးကြော်)၊ စွမ်းထက်(မရွေး)၊ Sweet Bakery (ပေါင်မုန့်၊ ကိတ်မုန့်)၊ သန့်ဇင်(မုန့်ဟင်းခါးခြောက်)လုပ်ငန်းတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြရန်လိူအပ်ချက်ရှိသည့်လုပ်ငန်းများအား ပညာပေးကာလ (၁)လ သတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်‌ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာနစစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း()ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော  ခရိုင်အထူးစုံစမ်း စစ်ဆေးရေးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ချင်းစုရပ်ရှိ ”မြတ်နိုးအိမ်”နှင့် ရွာထောင်ရပ်ရှိ “သင်းသင်း” ဆန်အရောင်းဆိုင်သို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်   ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင် မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ ချင်းစုရပ်ရှိ ဆန်အရောင်းဆိုင်များ ဖြစ်သော ချင်းစုရပ်ရှိ “မြတ်နိုးအိမ်”နှင့် ရွာထောင်ရပ်ရှိ “သင်းသင်း” နှင့်ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း (သစ်)(၂၀၀၀၀၀ မှ ၂၀၅၀၀၀)ကျပ်၊ ဧရာမင်း(သစ်)(၁၃၅၀၀၀ မှ ၁၄၅၀၀၀)ကျပ်၊မနောသုခ(ဟောင်း) (၁၀၅၀၀၀)ကျပ်နှင့် နောသုခ(သစ်)(၉၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၅၀၀၀) ကျပ်မှ   (၇၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂို ဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးသုံးသွင်းအားစုများ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူမိဘပြည်သူများ နစ်နာမှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမျိုးဝင်းသန်းတို့ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိစိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသော စိုက်ပျိုးရေးဆေးဝါးများနှင့် ပတ်သက်၍ တရားဝင်ရောင်းချခွင့် လိုင်စင်များ စနစ်တကျလျှောက်ထားရယူထားခြင်းရှိ/မရှိ၊ သုံးစွဲရန် တားမြစ်ထားသော ဓါတုပိုးသတ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ၊ ကုန်စည်များကို ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းရှိမရှိနှင့် လက်ရှိပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် ကုန်စည်ဝယ်ယူမှုအခြေအနေနှင့် သိုလှောင်ရုံရှိ ပစ္စည်းလက်ကျန် အခြေအနေများ၊ ဆေးဝါးများပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ တို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ပိုင်ရှင်များအနေဖြင့် ဥပဒေနှင့် မလွတ်ကင်းသော စိုက်ပျိုးရေးဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းများကိုမြှင့်တင်ခြင်းမပြုဘဲ ပုံမှန်အတိုင်းရောင်းချပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

MSME ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ( ၁၈..၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ် မြေအတွင်းရှိ ကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင် ( ) ဆိုင်နှင့် ဈေးကွက်မရောက်မီ စက်ရုံ/ အလုပ်ရုံ ( ) ရုံသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိက  ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအတိုင်း ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့် မပြည့်စုံသည့် ကုန်စည်များတွေ့ရှိ၍ လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွတ်၍ ရောင်းချရန်နှင့် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိမရှိ ကို မိမိတို့ဌာနတွင် အခမဲ့ လာရောက်လျှောက်ထားနိုင်ကြောင်း လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ် (၉) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ် ဇွန်လ(၁၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် (၉)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းတွင် စားသုံးသူပြည်သူ (၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များ ဈေးကွက်အတွင်းရှိကြောင်း၊ စားသုံးသူကာကွယ်ကွယ်ရေး ဥပဒေအခန်းကဏ္ဍမှ ကုန်အညွန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်ဝန်ဆောင်မှုများအကြောင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့လည်း ဆက်သွယ်တိုင် ကြားနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News