HighLight News

Powered by Drupal

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ သက်ပြည့်ပင်စင်ယူခြင်း နှုတ်ဆက်ပွဲ အခမ်းအနားနှင့် ရုံးချုပ် (ဒါဘာ)အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Online (Zoom Meeting)ဖြင့် တက်ရောက်

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးနေဆန်းသည် ၁၁.၁၀.၂၀၂၅ ရက်နေ့တွင် သက်ပြည့် အငြိမ်းစားပင်စင်ယူမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ (ရုံးချုပ်နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်ကြီးနှင့်တကွ ဝန်ထမ်းများက နှုတ်ဆက်ဂါဝရပြုပွဲ အခမ်းအနားနှင့်  ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား (ဒါဘာ)အား တစ်ချိန်တည်းမှာပင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ ဝန်ထမ်းများနှင့် ညောင်လေးပင်ခရိုင်ဦးမှုးရုံး ဝန်ထမ်းများ Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

               အဆိုပါ နှုတ်ဆက် ဂါဝရအခမ်းအနားပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကြီး ဦးခင်မောင်လှိုင်မှ အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အရာထမ်း၊ အမှုထမ်းများက နှုတ်ခွန်းခြွေဂါဝရစကားပြောကြားကြကာ ဒုညွန်ချုပ်ကြီးမှ သက်ပြည့်အငြိမ်းစား ပင်စင်ယူသွားသော်လည်း နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်ပေးပါရန် မေတ္တာရပ်ခံကြပါသည်။ ထို့နောက် သက်ပြည့်အငြိမ်းစား ပင်စင်ယူမည့် ဦးနေဆန်းမှ မုဒိတာစကား၊ ဩဝါဒ စကားပြောကြားပါသည်။ ဆက်လက်၍ ညွှန်ချုပ်ကြီးမှ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကို ဆက်လက်ကျင်းပပြီး နိဂုံချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှလည်း Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မဲပေးရမည့် စက်ကိရိယာနှင့် ပတ်သက်၍ သရုပ်ပြဆောင်ရွက်

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လာရောက်၍ မဲပေးခွင့်ဆုံးရှုံးခြင်းများမရှိစေရန် မဲပေးရမည့် စက်ကိရိယာအား ဝန်ထမ်းများကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

           ယနေ့အင်္ဂါနေ့ ၁၁.၁၁.၂၀၂၅ ရက်နေ့၌ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လာရောက်၍ ဝန်ထမ်းများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ မဲပေးခွင့်ဆုံးရှုံးခြင်းများ မရှိစေရေး၊ မှားယွင်းစွာ မဲပေးခြင်းမရှိစေရန်အတွက် မဲပေးရမည့် စက်ကိရိယာအား မည့်သို့မည်ပုံ အသုံးပြုရမည်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို (၂၀.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

          တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးဦးမြင့်ဝင်းနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ လေ့လာ စောင့်ကြည့် သုတေသနအဖွဲ့ခေါင်းဆောင် ဦးပိုင်ဖြိုးသန့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ် စုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ကြ သည်။ 

          တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီး အနေဖြင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန် ချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုအတိုင်း သက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနိုင်ရေးအတွက် ဒေသအရောက် စျေးနှုန်းများအပေါ် ၂ရာခိုင်နှုန်း အမြတ်ထက် မပိုသောစျေးနှုန်းဖြင့် စျေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး၊ လက်လီစျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့်ရောင်းချစေရေး၊ စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများမရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် စျေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသောလုပ်ဆောင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်ကားကိုယ်စားလှယ် များအနေဖြင့် လက်ကား/လက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ စျေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့်အရည်အသွေးမှန်စသည့် မှန်(၆)မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေရေး၊ မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်ပါကြောင်းပြောကြား သည်။

          ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဦးပိုင်ဖြိုးသန့်မှ အထက်အကြီးအကဲများကလည်း ပြည်သူသုံးစားအုန်းဆီများကို ပြည်သူထံအပြည့်အဝရောက်ရှိ စေရေး လမ်းညွှန်မှုပြုသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ စားအုန်းဆီဖြန့်ဖြူးပေးသည့် ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ်များအနေဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီမျာကို ရပ်ကွက်၊ ကျေးရွာများရှိသတ်မှတ်နေရာများအရောက် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် နှင့် စာအုပ်များဖြင့် ပြန့်ပြန့်နှံ့နှံ့ရောင်းချပေးကြစေရေးနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီးနောက် အထွေထွေဆွေးနွေး တင်ပြကြရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူ များကလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  မိုးညိုမြို့နယ်မြို့မရပ်ကွက်   ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ  ကျော်ကမ္ဘာသောက်ရေသန့် လုပ်ငန်းရှင်ဦးအောင်လွင်ဦးနှင့် (၁၈.၁၁.၂၀၂၅ )ရက်နေ့၊ နံနက်(၁၀:၀၀ )နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှတွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍   ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၉.၁၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်အေးချို ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေး နိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ ခရိုင်ဦးစီးမှူးရုံး၌  (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက်  (၀၉:၃၀ ) နာရီအချိန်တွင်၊ ဒေါ်ခိုင်ခိုင်ရီ   ဒု-ခရိုင်ဦးစီးမှူးမှ ငွေလမင်း၊ ငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်းများအားလည်းကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊   ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အင်းတကော်မြို့ပေါ်ရှိ ဈေးဆိုင်နှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပဲခူးတိုင်း‌ဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အင်းတကော်RHCအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အင်းတကော်ရဲစခန်းမှ ဒုရဲအုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၁၈.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် အင်းတကော်မြို့‌ပေါ်ရှိ ဈေးဆိုင်များနှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ အထောက်အထားများရှိ/ မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့် ဈေးဆိုင်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသော ကုန်ပစ္စည်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်းမပြုမိစေရန်နှင့် အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး  ဥပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသော ပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်၌ အခြေခံ  မွေးမြူရေး ပညာသင်တန်းဖွင့်လှစ်

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင်  အခြေခံမွေးမြူရေး ပညာပေးသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါသင်တန်းကို (၁၈.၁၁.၂၀၂၅ မှ ၁၉.၁၁.၂၀၂၅) နေ့ အထိဖွင့်လှစ်မည်ဖြစ်ပြီး ဒေသမွေးမြူရေးလုပ်ကိုင်သူများမှ နည်းစနစ်တကျရောဂါကင်းရှင်းစွာ မွေးမြူနိုင်ရေးဒေသတွင်း အသား၊ ဥ၊ နို့ ထိုက်သင့်သလောက် ဖူလုံအောက်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ရည်ရွယ်၍  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

       သင်တန်းဖွင့်ပွဲသို့ မိတ်ဘက်ဌာနများဖြစ်သည့်  စိုက်ပျိုး‌ရေးဦးစီးဌာန၊  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်း ဒေသမွေးမြူရေး လုပ်ငန်းရှင်များဖြစ်သည့် မွေးမြူရေးကြက်အသား၊ ဥ၊ ဒေသကြက်၊ ဘဲ၊ ဝက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)            

ပြည်မြို့နယ်အတွင်း ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ၊ ဒုတိယပတ်ဖြစ်သည့် (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့အတွင်း ရပ်ကွက်ကြီး (၁၀)ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်း အမျိုးမျိုးရောင်းချလျက်ရှိသော ဆေးဆိုင်ကြီး (၁၂)ဆိုင်သို့သွားရောက်၍ ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော သောက်ဆေးအမျိုးမျိုးအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိနှင့် ရက်လွန်ဆေးဝါးများရောင်းချနေခြင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ  မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ လိုက်လံပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရ ပြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ပြည်မြို့နယ်တာဝန်ခံ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)၌ ပါရှိသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖေါ်ပြပါရှိခြင်းမရှိသော အိမ်သုံးသောက်ဆေးအမျိုးမျိုးနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်းတွေ့ရှိပါက ဖျက်ဆီးသိမ်းဆည်းခြင်းနှင့် နောက်နောင် ရောင်းချခြင်းမပြုလုပ်ပါရန် သတိပေးတားမြစ်ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ညီညွတ်စွာရောင်းချခြင်းမပြုလုပ်ပါက ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခြင်း စသည်ကိစ္စရပ်များဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)            

ပျော်ဘွယ်မြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ သောက်ရေသန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျက် ရှိသော သောက်ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ သောက်ရေသန့်များထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်များ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)ပါကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် ညွှန်ကြားချက်များးကို ပြည်စုံမှန်ကုန်စွာဖော်ပြလိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းလိုင်စင် FDA ၏ ထောက်ခံချက် လက်မှတ်များရှိ/ မရှိစစ်ဆေးရာ ပြည်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News