HighLight News

Powered by Drupal

ဟုမ္မလင်းမြို့ပေါ်ရှိ ပန်းရိုးမစားသောက်ဆိုင်အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း

       (၂၄..၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဟုမ္မလင်းမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ မိမိတို့ဆိုင်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ စားသောက်ဆိုင်အနေဖြင့် ဆိုင်တွင်ထားရှိသည့် Menu များတွင် ဖော်ပြထားသည့် ဈေးနှုန်းနှင့် ရောင်းချသည့် ဈေးနှုန်းများ ကိုက်ညီစွာ ဖော်ပြထားရှိရမည်ဖြစ်ပြီး ကုန်ကြမ်းပစ္စည်းများ စနစ်တကျ သိမ်းဆည်းထားသိုခြင်း၊ ချက်ပြုတ်ရာတွင် အသုံးပြုသည့် ဒယ်အိုး၊ ဒန်အိုးများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးကြောသိမ်းဆည်းထားခြင်း၊ ပန်းကန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးကြော၍ သန့်ရှင်းသပ်ရပ်စွာ ထားရှိရမည်ဖြစ်ပြီး အစားအသောက် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် လုပ်ငန်းရှင်များ သိသင့်၊ လိုက်နာသင့်သည့် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၃..၂၀၂)ရက်နေ့  မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန   မြို့နယ်တာဝန်ခံရုံးတွင်  ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၁၁)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အထက(၁)ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၂.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ အထက(၁) ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှ ရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၂၆၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် MSME ထုတ်ကုန်များကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းလေ့လာခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးသည် (၂.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ၉၉၉ ငရုတ်ဆီလုပ်ငန်းပိုင်ရှင် ဒေါ်ဇင်မာသက်နှင့်  တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်ချက်ဖြင့် ၉၉၉ ငရုတ်ဆီလုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား  မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆပ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ ကုန်စည်များတွင် မြန်မာဘာဘာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များ အတိုင်းပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့် မိမိတို့ဌာန၏ ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ ဆန်စက်များအား ဆန်စပါးလက်ကျန်စာရင်းနှင့် MyRo တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့်ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆန်စက်များသို့ (၂၂.၆.၂၀၂)ရက်နေ့၊ နေ့လယ် (:၃၀)  နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

              ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်းတင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRo တွင် မှတ်ပုံတင်ထား သည့်သတ်မှတ်ပမာဏ ထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား အချိန်မီ Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)

ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအကြောင်း Talk Show ပြုလုပ်ခြင်း

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အစီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းထိုက်မှ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၇ ပုဒ်မ ၃၅အရ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည် ကုန်အမှတ်တံဆိပ် (သို့မဟုတ်) အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ ပြည်ပမှကုန်စည်များကို တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည်ရောင်းချသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခုဖြစ်စေဝန်ဆောင်မှုကိုပြည်လည်စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူတို့တွင် တာဝန်ရှိမှုအကြောင်းတို့အား ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူအကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြော

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သမဝါဝယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောရာတွင်  စားသုံးသူကာကွယ်ပေးခြင်းဆိုင်ရာများ ဟောပြောခြင်း၊ တိုင်ကြား နိုင်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မည်သို့သောပုဂ္ဂိုလ်တွေက်တိုင်ကြားခွင့်နှင့် မည်သို့မည်ပုံ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ညှိနှိုင်းဖြေရှင်းပေးတဲ့နေရာမှာ အဓိကအားဖြင့် အချက်(၇)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားသက်သေခံပစ္စည်းများကိုစစ်ဆေးခြင်း၊ တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ယင်း၏ တရားဝင်ကိုယ်စားလှယ်ကို ညှိနှိုင်းဖြေရှင်းနိုင်ရန်ခေါ်ယူခြင်း၊ တိုင်ကြားခံရသော စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) ယင်း၏ တရားဝင်ကိုယ်စားလှယ်သည် ဆင့်ခေါ်ရာသို့ လာရောက်ခြင်းမရှိပါက တစ်ဖက်သက်စစ်ဆေးဆုံးဖြတ် ခွင့်ရှိခြင်းတို့အား စုံလင်စွာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဖျာပုံမြို့နယ်၊ အ.မ.က တပ်မြေကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတုအရောင်ဆိုးဆေးများ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန် ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ကြည့်ဝယ်ရန်တို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ဇွန်လ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကျောင်းမုန့်ဈေးတန်းတွင် မြန်မာမုန့်မျိုးစုံ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ အသုတ်စုံ၊ ထမင်းကြော် ရောင်းချနေသော ဈေးသည်များအား သန့်ရှင်းလတ်ဆက်သော အစားအစာများကိုရောင်းချရန်နှင့် ငရုတ်ဆီအစားထိုး၊ မန်ကျည်းအနစ်ကိုသာဖျော်၍ ရောင်းချရန်နှင့် အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားရန်နှင့် အစားအသောက် အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းစွာ ဆေးကြောရန်နှင့် အစားအသောက်များကို လက်အိတ်စွပ်၍ ကိုင်တွယ်ရန် အသိပညာပေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း

            ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နေလယ် (၁၅:၃၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုအစီအစဉ်တွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၃/၁၄) ပုဒ်မ(၂၆/၂၇)မှ ပြဌာန်းထားရှိသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍စားသုံးသူကို ကြိုတင်အသိပေးခြင်း ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ စားသုံးသူသဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များနှင့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျှော်ကြေးပေးရန်၊ အာမခံထားသောအချိန် ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရရှိလျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားပေးရန် စသည့်အချက်များအား ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News