HighLight News

Powered by Drupal

“ တံတားဦးမြို့နယ်ရှိ သစ်လင်း သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ နိုဝင်ဘာလ(၁၉) ရက်နေ့တွင် တံတားဦးမြို့ရှိ သစ်လင်းသောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသောဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့ ရှိ ကလေးနှင့်လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာ အမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်မြို့ရှိကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကလေးနှင့် လူကြီး အာဟာရဖြည့်စွက်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း ပြေားကြားခဲ့ပြီး ဆက်လက်၍လည်း  စဉ်ဆက်မပျက် ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ စားသောက်ဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများနှင့် အသား၊ ငါး၊ သီးနှံနှင့်ဟင်းသီးဟင်းရွက်များအား သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်မာရေးဆေးစစ်မှုများခံယူရန်၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့်အစား အသောက်များ၏ အမျိုးအစား၊ အရွယ်အစား၊ ဆိုဒ်၊ပမာဏအလိုက်စျေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ကျောင်းမုန့်စျေးတန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ဆိုးဆေးများပါရှိသော အစားအသောက်များအားရောင်းချခြင်းမပြုရန်၊  အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ အစားအသောက်များရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကို ရွေးချယ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

       (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Doaru အလှကုန်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ သုံးစွဲသူပြည်သူများဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုစိုက်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပါကြောင်း၊ မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော သက်တမ်းလွန်နေသော အလှကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာ

         (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄) လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် စက်ရုံတာဝန်ခံက ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ D Family အမှတ်တံဆိပ်ဖြင့် Body Wash နှင့် Doaru အမှတ်တံဆိပ်ဖြင့် Rose Water၊ Thanakha၊ Royal Milk၊ Body Lotion၊ Beauty & Me ဆပ်ပြာရည်၊ Lovely Peony ခေါင်းလျှော်ရည်၊ CICA  တိုနာတို့ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ပျမ်းမျှ(၃)တန် ထုတ်လုပ်ပြီး တစ်လထုတ်လုပ်မှုမှာ (၆၀)တန်ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကာ စက်ရုံတွင် ဝန်ထမ်းအင်အား ကျား(၂၃)ဦး၊ မ (၇၇)ဦး စုစုပေါင်း(၁၀၀)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Doaru စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru အလှကုန်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးခဲ့ရာတွင် Doaru အလှကုန်စက်ရုံမှ မန်နေဂျာပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦးဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် တာဝန်များ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Feel Candy စက်ရုံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၁၃၂)၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Feel Candy စက်ရုံသို့ (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုး၊ စက်မှုဇုန်ကော်မတီရုံးမှတာဝန်ရှိသူတို့ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော Feel Candy အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော Rain Bow Candy၊ Red Bull Flavour Candy၊ GUAVA၊ Milk Flavour၊ Orange Flavour၊ Peanut Flavour တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Feel Candy စက်ရုံသို့ ကွင်းဆင်းလေ့လာ

       ၂၄.၁၁.၂၀၂၅ ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့သည် အမှတ်(၁၃၂)၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Feel Candy စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       Feel Candy စက်ရုံတာဝန်ခံက စက်ရုံမှထုတ်လုပ်သော အမှတ်တံဆိပ်များမှာ Rain Bow Candy၊ Red Bull Flavour Candy၊ Classic Series၊ Feel သီးစုံအရသာနှင့်မန်ကျည်းအရသာတို့ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ သကြားလုံး(၃၀)ပါ အထုပ် ၂၀၀ မှ ၂၅၀ ပါကင် ထုတ် လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုမှာ ပျမ်းမျှအားဖြင့် အလှည့်ကျအမျိုးအစားပေါင်း(၅၀၀၀)ပါကင် ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၄၀)၊ မ(၉၀) စုစုပေါင်း (၁၃၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ Feel Candy စက်ရုံတွင် တာဝန်ခံဒေါ်ခင်သင်းမွန်နှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေ၊ စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များ သိရှိစေရန်အတွက် မိမိတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို လိုက်နာဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News