HighLight News

Powered by Drupal

ကျိုက်လတ်မြို့နယ် ပြန်ဆက်ရုံးတွင် ဖွင့်လှစ်သည့်စာဖတ်ဝိုင်းတွင် အသိပညာပေးဟောပြောခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စာဖတ်ဝိုင်းအတွင်း တက်ရောက်သည့် ကျောင်းသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူများလုံခြုံ စိတ်ချမှုရရှိစေရန် မျှော်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဖွင့်ဖြိုးတိုးတက်ရန် စသည့်ရည်မှန်းချက်(၃) ရပ် ထားရှိပါသည်။ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်(၈)ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရပါမည်။ (၁) ကုန်စည်တံဆိပ်အမှတ်အသား၊ (၂)ကုန်စည်၏အမျိုးအမည်၊ (၃)ထုတ် လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံသည့်ရက်စွဲ၊ (၄)ပြည်ပမှတင်သွင်းလာသောကုန်စည်ဖြစ်ပါက တင်သွင်းသူအမည် လိပ်စာ၊ လုပ်ငန်းအမည် လိပ်စာ (၅) ထုတ်လုပ်သည့်နေရာ (၆) ကုန်စည်တွင်ပါရှိသော ကုန်းကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်း၏ ပမာဏပါဝင်မှုအချိုးအစား (၇) ကျန်းမာရေးဆိုင်ရာဘေး ထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် (၈) သက်ဆိုင်ရာအစိုးရဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မဟာစံ” ငါးနှပ်ခြောက်ကင်လုပ်ငန်းအား MSMEလုပ်ငန်းဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့(၁၀)ရပ်ကွက် ၆ လမ်းအတွင်းရှိ ဦးသက်နိုင် ပိုင်ဆိုင်သော“မဟာစံ”ငါးနှပ်ခြောက်ကင်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၄.၂၀၂၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကုန်စည်များအားစားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊  အလေးချိန်ဖော်ပြထားရှိမှု(ကျပ်သား)၊သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံစွာပါဝင်မှုရှိ/ မရှိ၊ ထားသိုသိမ်းဆည်းပုံအညွှန်းများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ထို့နောက်ဒု-ခရိုင်ဦးစီးမှူးမှရောင်းချနေသော“မဟာစံ”ငါးနှပ်ခြောက်လုပ်ငန်းအားကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြရန်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ တွက်ချေကိုက်မှု အခြေအနေများအား ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လှိုင်သာယာမြို့နယ်အတွင်းရှိ စားအုန်းဆီလက်ကား/လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      (3.၄.2026)ရက်နေ့၊ နံနက်(10:30)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍  မြောက်ပိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်(၈)ဆိုင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များမှာ စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးနှုန်းများအပေါ်အခြေခံကာ သတ်မှတ်အမြတ်နှုန်းအတွင်း၌သာ ရောင်းချကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိုလှောင်သိမ်းဆည်းထားခြင်းများမရှိပါကြောင်း စစ်ဆေးတွေ့ရှိပြီး ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူးမှ မိမိတို့ဆိုင်များတွင်ရောင်းချနေသော ဈေးနှုန်းများကို စားသုံးသူပြည်သူများ အလွယ်တကူ မြင်တွေ့နိုင်သည့်နေရာ၌ ဆိုင်းဘုတ်ချိတ်ဆွဲဖော်ပြရန်၊ ဆီထုတ်စာအုပ် မှတ်တမ်းများတွင်လည်း ရောင်းချသည့်ရက်စွဲနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခံရမည် ဖြစ်ကြောင်းကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မျိုးမြန်မာသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာကေတမြို့နယ်ရှိ၊ (မျိုးမြန်မာ) သောက်ရေသန့်လုပ်ငန်းမှ တာဝန်ခံနှင့် တွေ့ဆုံ၍ ၆.၄.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် သောက်ရေသန့်လုပ်ငန်းများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းများရှင်အား စားသုံးသူများဘေးအန္တ ရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊  စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး၌ ဧပြီလ(၂)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းနေအရွယ် လူငယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိုန်မြင့်မားစေရန်ရည်ရွယ်၍ ယခုလို အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ  ဒေါ်ချိုမီဇင်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိရမည်ဖြစ်ကြောင်း စသည့်စားသုံးသူကာကွယ်ရေး အသိပညာဗဟုသုတများအား အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ၁.၄.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စားသုံးသူ ရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြို့ပေါ် ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သော ဆေးဝါးများနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသောဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်းခတ်မှုန်နှင့် အရသာမှုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဒေသတွင်းဈေးကွက်အတွင်း ရောင်းချနေသော အရသာမှုန့်နှင့် ဟင်းခတ်ပစ္စည်းအမျိုးမျိုးကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန (DOCA) နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်း၍ ဧပြီလ ၂ရက်နေ့ ၂၀၂၆ခုနှစ် နံနက် (၀၈း၀၀)နာရီအချိန်က မြို့မဈေးအတွင်း ပုံမှန်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စစ်ဆေးရေးအရာရှိမှ မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များမှ ရောင်းချနေသော ဟင်းခတ်မှုန်နှင့် အရသာမှုန်များ ထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ စားသုံးရန်မသင့်သော သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဟင်းခတ်မှုန့်တွင် ဖော်ပြသော အလေးချိန်ဂရမ်များအတိုင်း ပြည်မီမှု ရှိမရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ စစ်ဆေးခြင်းကို မြို့နယ်အသီးသီးရှိ ကုန်စုံဆိုင်များ နှင့် ဈေးများ တွင် ကွင်းဆင်းဆောင်ရွက်နေပြီး၊ သတ်မှတ်ချက်နှင့် မညီညွတ်သော ထုတ်ကုန်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းနှင့် သတ်မှတ်ချက်များကို လိုက်နာမှုမရှိသော ကုန်စည်များရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက လိုအပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်(၁၂) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဗူးသွပ်ဆီ၊ ဆပ်ပြာအမျိုးမျိုး အချိုရည်အမျိုးမျိုးရောင်းချသော မွန်းလိုက်ကုန်စုံဆိုင်အား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် မွန်းလိုက်ကုန်စုံဆိုင် အပါအဝင် ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ၂.၄.၂၀၂၆ နေ့ နံနက် (၁၀း၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဗူးသွပ်ဆီ၊ ဆပ်ပြာနှင့် အချိုရည်ဗူးများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ (ဥပမာ - ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် သုံးစွဲပုံညွှန်ကြားချက်) ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရန် ကြပ်မတ်စစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ကုန်စည်များ သို့မဟုတ် စားသုံးရန်မသင့်သော တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/ မရှိကို စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးအသိပညာပေးခြင်းကို စစ်ဆေးရေးမှူး ဦးဇော်မင်းမှ စဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကျေးရွာများရှိ စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

       မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းဝေးခန်းမတွင် ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ လပါတ်အစည်းဝေးတွင် စားအုန်းဆီရည်ညွှန်ဈေးဖြင့် ရောင်းချမှုအခြေအနေ မိမိရပ်ကွက်ကျေးရွာအတွင်းရှိ လက်လီဆိုင်များမှ ဈေးနှုန်းမြှင်တင်ရောင်းချမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် စားဆီပြတ်လပ်မှုမရှိအောင်ဆောင်ရွက်ထားရှိမှုအား သိရှိနိုင်ရန် လုပ်ငန်းရှင် အသိပညာပေးရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။

           တွေ့ဆုံရှင်းလင်းပွဲတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း စားသုံးသူများအတွက် စားအုန်းဆီ လုံလောက်စွာရရှိစေရန်နှင့် စနစ်တကျဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ အစိုးရမှ ခွဲတမ်းချထားပေးသောဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အခြင်အတွယ် မှန်ကန်စေရန် လမ်းညွှန်ချက်များကိုလည်းကောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်း၊ အလေးချိန်ခိုးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်၍ ဆီများကို သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြင်းထန်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို  ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးတွင် တက်ရောက်သူ (၄၅) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စားဆီနှင့် စက်သုံးဆီ ဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး

         မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စားသုံးဆီနှင့် စက်သုံးဆီရောင်းချသူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ တွေ့ဆုံ၍ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့က မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ရှင်းလင်းရာ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီထုတ်ယူမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မှန် ၆မှန်နှင့်အညီဆောင်ရွက်မှုကို လုပ်ငန်းရှင်များအား ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်ဘက်မှ ဆီခွဲတမ်းများကို သတ်မှတ်ရက်အတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရန်ကိုလည်းကောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ချက်များကို လေးစားလိုက်နာစွာ ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူးမှ မအူပင်စက်သုံးဆီဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်းရာ စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆီဆိုင်များ၏ရရှိ/ ရောင်းချ/လက်ကျန်စာရင်းများ မှန်ကန်စေရေး၊ စုံ/မခွဲခြား၍ စက်သုံးဆီများအား  ဖြည့်သွင်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးသုံးဆီများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဝယ်ယူပါက ရောင်းချပေးရန်ဆွေးနွေးပြောကြားပြီး စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ စက်သုံးဆီအရောင်းကိုယ်စားလှယ် (၁) ဦးမှ ဒေသခံတောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးအတွက် ကျေးရွာအုပ်စုများအား ဆီဆိုင်တည်ရှိရာ နယ်မြေအလိုက် ခွဲခြားသတ်မှတ်‌ပေးရန် တင်ပြ‌ဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပြီး အစည်းအဝေးသို့ ဆီလက်လီလုပ်ငန်းရှင် ၂၅ဦး စက်သုံးဆီဆိုင်လုပ်ငန်းရှင် ၁၅ဦး စုစုပေါင်း ၄၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News