Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်သွက်နေ

၂၀၂၄ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

တောင်တွင်းကြီးမြို့နယ်၊ ညောင်ဝန်းကျေးရွာ၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ဆောင်းမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက (၁၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ဆောင်းမြေပဲကို မိုးနှမ်းရိတ်သိမ်းပြီးသည့် စိုက်ခင်းမြေများတွင် ထွန်ယက်၍ ဩဂုတ်လတွင်စိုက်ပျိုးပြီး အောက်တိုဘာလကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ် (မြေပဲဆံဖြူ)၊ စွန်တာနီ(မြေပဲဆံနီ)ဖြစ်ပြီး စွန်တာနီ(မြေပဲဆံနီ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၈၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်တင်း ၅၀-၆၀ တင်း ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် ၂၂၀၀၀-၂၅၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထွက်ရှိသည့်ဆောင်းမြေပဲများကို မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး အထွက်နှုန်းအနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် ထိုက်သင့်သည့အကျိုးအမြတ်များရရှိကြောင်း၊ မြေပဲပင်များကို အခြောက်ခံနေလှန်း၍ တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရိစ္ဆာန်အစာဖူလုံမှုရှိသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မကွေး)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း