
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ စည်ပင်သာယာစျေးကြီးတွင် ကြောင်လျှာသီးများ ရောင်းချလျှက်ရှိပါသည်။ ကြောင်လျှာသီးသည် အစိမ်းသီးနှင့် အညိုသီးဟူ၍ နှစ်မျိုးရှိသည်။ ကြောင်လျှာသီး သည် လူအများကြိုက်နှစ်သက်သော ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်သည်။ ကြောင်လျှာသီးကို ကြိုက်နှစ်သက် သောပုံစံဖြင့်စားသုံးနိုင်သည်။ ချဉ်ဖက်ထည့်၍လည်းစားနိုင်သည်။ ကြောင်လျှာသီးသည့် အသီးသာမက အပွင့်ပါစားသုံးနိုင်သည်။ ကြောင်လျှာသီး တစ်တောင့်လျှင် ကျပ် (၂၅၀၀)မှ ကျပ်(၃၀၀၀) ထိစျေးကောင်းရရှိ နေကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)