Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကျောက်ဆည်စားဖိုဆောင်သီးနှံစျေးနှုန်းစျေးကွက်အခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်းသို့ စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူး ၊ ဂျင်း ၊ ကြက်သွန်ဖြူအနေဖြင့် ဒေသတွင်းထွက်ရှိမှုမရှိသည့်အတွက် ရှမ်း(တောင်) ၊ ရှမ်း(မြောက်)မှ အများဆုံး ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရပါသည် ။ ဒေသတွင်း ကြက်သွန်ဖြူ စိုက်ပျိုးမှုအနည်း ငယ်သာရှိသဖြင့် ကြက်သွန်ဖြူကို ရှမ်း(တောင်) ၊ ရှမ်း(မြောက်)နှင့် ကြူကုတ်စသည့် အမျိုးအစားအလိုက် စျေးကွက်အတွင်းဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိ ရပြီး စျေးနှုန်းများအနေဖြင့် ကြူကုတ်တစ်ပိဿာလျှင်(၉၀၀၀-၉၅၀၀)ကျပ် ၊ ရှမ်းစ(မြောက်) တစ်ပိဿာလျှင်(၆၀၀၀-၈၀၀၀)ကျပ် ၊ ရှမ်းစ(တောင်) တစ်ပိဿာလျှင်(၅၅၀၀-၇၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။ကြူကုတ်ကြက်သွန်ဖြူစျေးအနည်း ငယ်ပြန်ငြိမ်လျှက်ရှိပြီး ပစ္စည်း Quality အရ စျေးနှုန်းများကွာခြားမှုရှိနိုင်ကြောင်းသိရှိရပါ သည်။အာလူးအနေဖြင့် ဟဲဟိုးသီးများဝင်ရောက်နေပြီး S1 (၃၅၀၀/-)ကျပ်၊ S2(၃၀၀၀-၃၂၀၀) ကျပ်၊ဂျင်းစျေးနှုန်းအနေဖြင့်နည်းငယ်ပြန်ကျလျှက်ရှိပြီး ကျောက်ဆည်အရောက်စျေး (၂၉၀၀- ၃၀၀၀)ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ငရုတ်သီးခြောက်အနေဖြင့် ဒေသထွက်ရှိမှု ဖူလုံမှုရှိ သည့်အပြင် ရန်ကုန်၊မန္တလေးမြို့ကြီးများမှတဆင့် တင်ပို့ရောင်းချလျှက်ရှိပြီး မိုးထောင်ငရုတ် အညှာပါ (၁)ပိဿာလျှင်(၈၀၀၀/-)ကျပ်၊ အညှာချွေ(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ ဒီမို၊ သာမွန်ငရုတ် အညှာပါ (၁)ပိဿာလျှင်(၈၀၀၀-၉၀၀၀)ကျပ် ၊ အညှာချွေ(၁) ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ် ၊ ငရုတ်ပု (၁)ပိဿာလျှင်(၁၆၀၀၀-၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ၊ ကျောက်ဆည်မြို့ရှိ ငရုတ်၊ကြက်သွန် ကုန်သည် တစ်ဦး၏ပြောကြားချက်အရသိရှိပါသည်။ DOCA(မန္တလေး)

ဒူးရင်းစေ့ ဈေးကွက်နှင့်အသုံးပြုပုံ

မြိတ်-ထားဝယ် ကားလမ်းနှင့်မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းတို့တွင် နယ်မြေမတည် ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ဒူးရင်းစေ့အဝယ်ကျကာ တွက်ခြေမကိုက် သဖြင့် ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်သူအချို့ လုပ်ငန်းရပ်နားနေကြောင်း သိရသည်။ မြိတ်ဒူး ရင်းစေ့အဝယ်ဒိုင်၏ ဧပြီလ ကုန်ပိုင်းအဖွင့်ဈေးမှာ ဒူးရင်းစေ့တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင် ရှိခဲ့ပြီး၊ ဇွန်လ၌ ကျပ် တစ်ထောင်ဝန်း ကျင်သာ ရရှိတော့ကြောင်း၊ဈေးလည်းမငြိမ် လမ်းခရီးလည်း မကောင်းလို့ ယခုနှစ်အဝယ်မလိုက်ကြောင်း၊ ဒူးရင်းစေ့ တင်ပို့ရာတွင် ကားသမားများကလည်းအာမ ခံမပေး၍ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိကြောင်း၊ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ ဒေသမျိုးဒူးရင်းသီးများ၏အစေ့ကိုသာအရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရင်းအပင် ပေါက်သွားသည့်အစေ့များကို အဝယ်ဒိုင်များကဝယ်ယူခြင်းမရှိကြောင်း၊ ထားဝယ်ဒေသ ထွက်ဒူးရင်းစေ့များကို မြိတ်သို့ကားလမ်းမှတဆင့်ပို့ပြီးထိုင်းနိုင်ငံသို့မောတောင်ကားလမ်းတို့မှ ကော့ သောင်းရေလမ်းကတင်ပို့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော တနင်္သာရီ-မောတောင် လမ်းပိုင်း၌ နယ်မြေအေးချမ်းမှုမရှိခြင်းကြောင့်ဈေးနှုန်း နည်းပါးလာသော်လည်း ရသည့်ဈေးဖြင့် ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်နေသူ တချို့လည်းကျန်ရှိနေသေးကြောင်း လေ့လာသိရှိရပါ သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဒူးရင်းစေ့တစ်ပိဿာလျှင် (၇၀ဝ၀)ကျပ်အထိဈေးကောင်းခဲ့ပြီး နောက်ပိုင်းနှစ်များတွင် တစ်ပိဿာလျှင်(၅၀ဝ၀-၃၀ဝ၀-၂၀ဝ၀)ကျပ်ဈေးကျကာ ယမန်နှစ်က ကျပ် (၂၀ဝ၀ဝ)အထိ ဈေး ပြန်တက်လာခဲ့ကြောင်း၊ဒူးရင်းစေ့ကိုနှစ်စဉ် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ ဇူလိုင်၊သြဂုတ်လ အထိအရောင်း အဝယ်ပြုလုပ်လေ့ရှိကြောင်း နှင့် ထိုင်းနိုင်ငံတွင် ဒူးရင်းစေ့ကို ဆပ်ပြာ၊အသားလှဆီအဖြစ် လူသုံးကုန်များ ၌ လည်းကောင်း၊မုန့်အမျိုးမျိုးပြုလုပ်ရာတွင်ဂျူံမုန့်နှင့် ရောစပ် အသုံးပြုသလို အပင်မျိုးစပ်ကိုင်းကူးရာတွင်လည်း အသုံးပြုကြကြောင်း လေ့လာသိရှိရပါသည်။ DOCA(တနင်္သာရီ)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

၇.၇.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၃၀၀ မှ အများဆုံး ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ် ကျပ် ၅၀၀၀ မှ ၇၀၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၄၉၀၀၊ အများဆုံး ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ(ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ၅၀၀၀ မှ အများဆုံး ကျပ် ၅၂၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀ မှ ကျပ် ၆၂၀၀၊ မန်းကျည်းသီး အသား(သစ်) အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ ကျပ် ၉၅၀၀၊ ပြည်တွင်းသကြား အနိမ့်ဆုံးဈေး ကျပ် ၄၇၅၀ မှ ကျပ် ၄၉၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

၇.၇.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန် ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက် သေး ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး (ရှယ်)ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၅၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၉၀၀၀ ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင် မှစုံစမ်းသိရှိရပါသည်။ DOCA(ရန်ကုန်)

၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၃၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၃၀၀ ၊ အောင်ပန်းထူး-၃ ကျပ် ၅၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၆၃၀၀၊ အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ် ၁၅၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၄၀၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၈၅၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၅၀၀/၁၅၅၀ ၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၃၀၀/၁၄၀၀၊ မုံရွာ လတ်သန့် ကျပ် ၁၃၀၀၊ မုံရွာ လတ်ချော ကျပ် ၉၅၀ ၊ မြင်းခြံ(သစ်) ရှယ် ကျပ် ၁၅၀၀၊ မြင်းခြံ(သစ် ) လတ်ကြီး ကျပ် ၁၄၅၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၁၃၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၉၅၀၊ ပခုက္ကူ(သစ်) ရှယ် ကျပ် ၁၆၀၀၊ ပခုက္ကူ (သစ်) လတ်ကြီး ကျပ် ၁၅၀၀၊ ပခုက္ကူ (သစ်) လတ်သန့် ကျပ် ၁၄၀၀၊ ပခုက္ကူ (သစ်) လတ်ချော ကျပ် ၁၀၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ ဟဲဟိုး အေဝမ်း ကျပ် ၂၅၀၀၊ ဟဲဟိုး အိုကေ ကျပ် ၃၀၀၀၊ ဟဲဟိုး အက်စ်ဝမ်း ကျပ် ၃၀၀၀၊ ဟဲဟိုး အက်စ်တူး ကျပ် ၂၆၀၀/၂၈၀၀၊ တရုတ်အာလူး ကျပ် ၃၃၀၀/၃၅၀၀ ရှိကြောင်းသိရှိရပါသည်။ အာလူး ဈေးနှုန်းပြောင်းလဲခြင်းမရှိပါ။ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀/၅၀၀/၇၀၀ ကျပ်ကျဆင်းလျှက်ရှိပြီး ကြက်သွန်နီ မြင်းခြံဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၄၀၀ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင် ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၇.၇.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံး ဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီး သီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ်တွင် မိုးထောင်မြစ်ဝ ငြုပ်သီးဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပခုက္ကူမြို့ “ဝါ” ဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိရွာများမှ “ဝါ”ကို အဓိကစိုက်ပျိုး ကြပါသည်။ ထွက်ရှိသော“ဝါ”များမှာ ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာ ယခင်က(၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧကမှာ အလွန်နည်းပါးလျက်ရှိပါသည်။ အဓိကစိုက်ပျိုးသော “ဝါ”များမှာ ချည်မျှင်ရှည်ဝါနှင့်ချည်မျှင်တိုဝါ များကို စိုက်ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ)ဝင်ရောက်လျက်ရှိကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ပထမပတ်)တွင် “ဝါ”ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန် (၂၀၀ မှ ၃၀၀ ထိ)ဝင်ရောက်ပြီး ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ်(၂၈၅၀)ရှိပြီး ဝါကြိတ်ဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇွန်လ(ပထမပတ်) နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၂၀၀) ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန်(၂၅၀ မှ ၃၀၀)ခန့် ဝင်ရောက်ကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရပါသည်။ DOCA(မကွေး)

ပခုက္ကူကြက်သွန်နီ ဇူလိုင်လ(ပထမပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ်နေပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေ သောဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၁၀၀)၊ အလတ် ကျပ်(၉၀၀)၊ အနိမ့်စ ကျပ်(၇၀၀) ဖြစ်ပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၅၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။ ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရသည်။ DOCA(မကွေး)

ပခုက္ကူမြို့၌ ပြည်ပပို့ကုန်မတ်ပဲသီးနှံ ဈေးမြင့်တက်၍အရောင်းအဝယ်ဖြစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။ မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၁၀၀၀၀၀ မှ ၉၀၀၀၀)ဈေးရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် ကျပ်(၈၅၀၀၀-၈၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၁၅၀၀၀)ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိ ရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအား ကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း သီးနှံဈေးကွက်နှင့် လက်ကျန်အနည်း အများပေါ်မူတည်၍ ဈေးအတက်အကျရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။ DOCA(မကွေး)

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥများ ဈေးအနည်းငယ် ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၀၀၀၊ ၄၂၀၀၊ ၄၅၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ယခင်ဇွန်လ(ပထမပတ်) တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်အတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀) ခန့်ဈေးကျပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရ သော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း